နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက် ရောက်ကုသနေသည့်  တပ်မတော်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ချုပ်မှ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ချီးမြှင့်ပေးအပ် နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၆

Saturday, December 16, 2023 - 16:00

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိ၍ ပြင်ဦး လွင်မြို့၊ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင် ၇၀၀)တွင် တက်ရောက်ကုသနေသော တပ်မတော်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း က အဆိုပါဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ဒေါ်သက်သက်ဇင် က နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် တပ်မတော်သားများအား အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဆေးပဒေသာပင်သို့ အလှူငွေများ လှူဒါန်းရ ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆေးပဒေသာပင်သို့ အလှူငွေကျပ်သိန်း ၁၀၀ နှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအတွက် ငွေကျပ် ၉၇ သိန်းတန်ဖိုးရှိ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များအား ပေးအပ် လှူဒါန်းရာ တပ်မှူးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက၊ ဥက္ကဌနှင့် အဖွဲ့ဝင် များ၊ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊  ပြင်ဦးလွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် အမှတ်(၁)တပ်မတော် ဆေးရုံ (ခုတင် ၇၀၀)တွင် ဆေးဝါးတက်ရောက်ကုသနေသော နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအား အလှူငွေ များ၊ စားသောက်ကုန်၊ လူသုံးကုန်များကို ကုသဆောင်များ အရောက်သွားရောက်၍ အသီးသီးပေးအပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။