နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး
နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏ (စတုတ္ထအကြိမ်)အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ ၁၄
နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏ (စတုတ္ထအကြိမ်)အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဉီးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပ ရာ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြော ကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင်၊ ဉီးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဉီးစီး ချုပ်ရုံး(ရေ)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ နှင့်တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဉီးစွာ ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဉီး က နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း သယံဇာတများစီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် ဗဟိုကော်မတီကိုအပ်နှင်းထားသည့် တာဝန်ဝတ္တ ရားများနှင့်အညီ ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကဏ္ဍများ အကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့သည့် ရလာဒ်များအဖြစ် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုး တန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ် (Integrated Coastal Management-ICM) အပြီး သတ်ရေးသားနိုင်ခဲ့မှု၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့မှု၊ ပင်လယ် ပြင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ (Marine Pollution Control Law)အား အပြီးသတ် ရေးသား နိုင်ခဲ့မှု၊ အဏ္ဏဝါဂေဟစနစ် တန်ဖိုးမြင့်မားပြီးဇီဝမျိုးစုံမျိုး ကွဲကြွယ်ဝသည့် နေရာ များကို ငါးမဖမ်း ရနယ်မြေများသတ်မှတ်နိုင်ခဲ့မှု၊ ပင်လယ်ကမ်း ရိုးတန်းဒေသ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များ တွင် ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းနိုင် ခဲ့မှုတို့ကို ဌာနများ အားလုံး၏တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင် အထည်ဖော် ဆောင်နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၂၈၀၀ ကီလိုမီတာကျော် ရှည်လျားပြီး ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်းများနှင့် ရေထွက်သယံဇာတ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ခြင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့များ ရေရှည်ထုတ်ယူနိုင်မည့် အလားအလာ ကောင်းများရှိခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်များ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများရှိခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်းအတွက် အချက်အချာကျပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း များဖွံ့ဖြိုးနိုင်ခြေရှိခြင်း၊ သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေနှင့်ကျွန်းများရှိပြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးနိုင်ခြင်း၊ကမ်းရိုးတန်းနေ တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ စုံလင် သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းစသည့် အခွင့်အလမ်းများစွာကို ဖော်ထုတ်အသုံးပြုခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကို အထောက် အကူပြုနိုင်မည်လည်း ဖြစ်ပါကြောင်း။
ထိုသို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများစွာရှိသကဲ့သို့ တစ်ဖက်တွင် လည်း စိန်ခေါ်မှုများအနေဖြင့် မြန်မာနိုင်ငံ၏အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ၊ သန္တာကျောက်တန်း များ၊ ဒီရေ တောများ၊ ပင်လယ်မြက်ခင်းများ၊ ငါးပုစွန်ရေထွက်သယံဇာတများ ယိုယွင်းလျော့ နည်းမှုများ ကြုံတွေ့နေရခြင်း၊ အစားအစာလုံခြုံစိတ်ချမှုများ လျော့ပါးလာခြင်းနှင့် အသက်မွေး ဝမ်း ကျောင်းလုပ်ငန်းများ လျော့နည်းလာခြင်းတို့ကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက် သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း။
ထို့ပြင်၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်းနှင့် ယခုမေလ (၁၄) ရက်နေ့တွင် စစ်တွေမြို့အနီးမှ ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်စသည့် ကမ်းရိုးတန်းဒေသများတွင် ဆုံးရှုံးမှုများနှင့် တွေ့ကြုံခဲ့ရ ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်ကအထူးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသများ ဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများကိုစနစ်တကျ ရေးဆွဲပြီးထိထိ ရောက်ရောက်အကောင် အထည်ဖော်ဆောင်ရွက် သွားကြရန်နှင့် ရေရှည်အတွက်အကျိုးရှိသည့် ကြိုတင်ကာကွယ်ရေး အစီအမံများဖော် ထုတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတန်း သယံဇာတများ စီမံအုပ်ချုပ်ခြင်းအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာကဏ္ဍ အလိုက် ပြဋ္ဌာန်းဆောင်ရွက်ပြီးဖြစ်သကဲ့သို့ ခေတ်ကာလအလိုက် လိုအပ်သည့် ဥပဒေ၊ မူဝါဒ အသစ်များ ကို ရေးဆွဲဖော်ထုတ်လျက်ရှိပါကြောင်း၊ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသ ဥပဒေ စိုးမိုးရေးနှင့် အသိပညာပေးလုပ်ငန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့်အတူ သက်ဆိုင် ရာအဖွဲ့အစည်းများ၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့က မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂက ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်း ချက်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိရာ အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံ များက “အပြာရောင်စီးပွားရေး (Blue Economy)” သဘောတရားများ ဖော်ထုတ်အကောင် အထည်ဖော် ဆောင်ရွက်လာကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အပြာရောင်စီးပွားရေးဆိုင်ရာ ကြေငြာချက် “ASEAN Leader’s Declaration on Blue Economy” ကို ထုတ်ပြန်ခဲ့ပြီး အာဆီယံ အပြာရောင် စီးပွားရေးဆိုင်ရာ မူဘောင် “ASEAN Blue Economy Framework” ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊အာဆီယံ အပြာရောင် စီးပွားရေးမူဘောင်တွင် ပင်လယ်ကမ်းရိုးတန်းဆိုင်ရာ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ သယံဇာတ များ ထိန်းသိမ်းရေးနှင့် စီမံအုပ်ချုပ်ရေးကဏ္ဍ၊ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဆိုင်ရာ ကဏ္ဍများကို ဦးတည်ချက်ထားပြီး ရေးဆွဲထားရှိခဲ့ပါကြောင်း။
အပြာရောင်စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများနှင့် အစီအမံများ ဖော်ထုတ် ဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုသာ ဦးတည်ခြင်းမျိုးမဟုတ်ပဲ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ထိန်း သိမ်းခြင်းနှင့် စနစ်တကျ ထုတ်ယူအသုံးပြုခြင်းကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည့် မူဝါဒ၊ အစီအမံများပေါ်ထွက်လာစေရေး ဖြစ်ပါကြောင်း၊ ထို့ကြောင့်ကော်မတီဝင်များ အနေဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါသယံဇာတများ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်၊ ဒေသတွင်းအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရန် နှင့်ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင်ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆိုင်ရာဆောင်ရွက် ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့်အစီအမံများနှင့် လုပ်ငန်းစဉ်များကိုလည်းတင်ပြဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပင်လယ်ကမ်းရိုးတန်းဒေသထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဗီဒီယိုကို ပြသသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က ကော်မတီ၏ လုပ်ငန်းဆောင်ရွက် တိုးတက် မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင်၊ ဉီးခင်မောင်ရီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစစ်ဉီးစီးအရာရှိချုပ်(ရေ)၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာ တစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ်များ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်း လင်းတင်ပြကြရာ ဗဟို ကော်မတီဥက္ကဋ္ဌ က ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေး နွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဉီး က နိဂုံးချုပ်အမှာစကားပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။