နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း ရန်ကုန် ဒီဇင်ဘာ ၁၂

Tuesday, December 12, 2023 - 15:30

နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွတ်စွန့်စားလိုစိတ် ထက်သန် စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူအများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ် ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာ၌ လက်ခံရယူခဲ့ပြီး အဆိုပါစားသောက်ဖွယ်ရာများကို တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ် များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။