၁၁-၁၂-၂၀၂၃ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

Monday, December 11, 2023 - 17:30

          မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် MNDAA ၊ TNLA ၊ AA အဖွဲ့တို့မှ တာဝန်ရှိသူများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရဖြေ ရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်။ ၁၁-၁၂-၂၀၂၃ ရက်နေ့ ရခိုင်ပြည်နယ် ဗောဓိကုန်းရဲကင်းစခန်း၊ ကရင်ပြည်နယ် ကော့ကရိတ်၊ ကျိုက်ဒုံ တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ။ နိုင်ငံတော်ဝန်ကြီးချုပ် လားရှိုးမြို့သို့သွား ရောက်ပြီး ယာယီတိုက်ပွဲရှောင် ပြည်သူများနှင့် ပတ်သက်၍ ကူညီပံ့ပိုးမှုများ၊ နေရပ်ဒေသတွင် ပြန်လည်အခြေချနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်-

ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး  ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA ,TNLA , AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေး မှုပေါ်မှာ မူတည်ပြီး တိုးတက်မှုအခြေအနေအပေါ်မှာမူတည်ပြီး ဒီလကုန်ခန့်မှာ လည်း ထပ်မံဆွေနွေးသွားဖို့ရှိကြောင်းပြောကြားလိုပါတယ်။

          ဒီနေ့မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ရခိုင်ပြည်နယ်ဘက်မှာ တော့ ဗောဓိကုန်းရဲကင်းစခန်းကို အဝေးကနေလာရောက်ပစ်ခတ်တာရှိခဲ့ပါ တယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်၊ ကျိုက်ဒုံလမ်းဆုံမှာ ထိတွေ့ မှုအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝပြန်လည်တည်ငြိမ်စေရေးတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက မနေ့ကတော့ နိုင်ငံ တော်ဝန်ကြီးချုပ် လားရှိုးမှာသွားရောက်ပြီး ယာယီတိုက်ပွဲရှောင်ပြည်သူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ စစ်သည်/ရဲမေများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာယီတိုက်ပွဲရှောင် ပြည်သူများနဲ့ပတ်သက်ပြီး ကူညီပံ့ပိုးမှုများ ပြန်လည်ပြီးနေရပ်ဒေသမှာ အမြန်ဆုံး အခြေချနိုင်ဖို့လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အထူးအလေးထားပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီး ဌာနများအနေနဲ့လည်း ဝန်ကြီးများအနေနဲ့လည်း မနေ့ကခရီးစဉ်မှာ သက်ဆိုင်ရာဌာနတွေကိုသွား ရောက်တွေ့ဆုံခဲ့ပါတယ်။ လိုအပ်ချက်တွေကို အမြန်ပြန်လည်ဖြည့်ဆည်းပြီး ပြည်သူတွေရဲ့လူမှုစီးပွားဘဝ ပြန်လည် ကောင်းမွန် လာ‌စေရေး၊ တည်ငြိမ်လာစေရေး အစွမ်းကုန်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းပြောလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။