ဂျပန်သတင်းထောက် Mr. Yuki Kitazumi အား မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေး ကို ရှေးရှု၍ အမှုရုတ်သိမ်းပြန်လည်စေလွှတ်မည်
နေပြည်တော်၊ မေ-၁၃
ဂျပန်သတင်းထောက် Mr. Yuki Kitazumi သည် CDM လှုပ်ရှားမှုနှင့် ဆူပူ ဆန္ဒပြမှုများအား ဆက်လက်ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ၁၈-၄-၂၀၂၁ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် လည်းကောင်း၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် လည်းကောင်း တရားစွဲဆိုအမှုဖွင့်ဆောင်ရွက် ခဲ့သည်။
ဂျပန်သတင်းထောက် Mr. Yuki Kitazumi သည် ဉပဒေချိုးဖောက်ထား သူဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ယခုအချိန် အထိ ရင်းနှီးသော ဆက်ဆံမှုနှင့် အနာဂတ်ဆက်ဆံရေးကို ရှေးရှုလျက် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရအထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံ ချက်ကို အလေးထားပြီး ၎င်းအားစွဲဆိုထားသောအမှုများကို ရုတ်သိမ်း၍ ပြန်လည် စေလွှတ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ