တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေတက်ရောက်၊ ပြည်ဖျက်မီဒီယာများမှ ကောလာဟလ သတင်းတု၊ သတင်းမှားများအား မိနစ်နှင့်အမျှ ထုတ်လွှင့်နေမှုအခြေအနေများ၊ ၈-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်း၊ တာမိုးညဲ နှင့် ရခိုင်ပြည်နယ် နှုံးဘူး တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှာကျင်းပတဲ့ ရှစ်ကြိမ်မြောက် မဲခေါင်-လန်ချမ်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီများအစည်းအဝေးကို ပြည်ထောင်စု သမ္မတနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေ တက်ရောက်လျှက်ရှိပါတယ်။ ဒီမဲခေါင်-လန်ချမ်း အစည်းအဝေးမှာ တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ မြန်မာနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ပူးတွဲဥက္ကဌများအဖြစ် ဆောင်ရွက်ပြီး မဲခေါင်-လန်ချမ်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပြီးရင် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီမဲခေါင်-လန်ချမ်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ အစည်းဆိုတာသည် ဒေသတွင်းမှာခိုင်မြဲတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒေသတွင်း ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းစဉ်တွေဖြစ်တဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် တွေကို ဦးတည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မြန်မာ နိုင်ငံရဲ့ စဉ်ဆက်မ ပျက်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူးဟာကို အထောက်အကူပြုစေနိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါ တယ်။ မဲခေါင်-လန်ချမ်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကနေ အထူးစီမံကိန်း ၁၀၆ ခု အတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၁ ဒဿမ ၆ သန်းကို မြန်မာနိုင်ငံကို ထောက်ပံ့ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေး မတိုင်ခင်မှာ ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲများလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲမှု မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းကောင်းနိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြီးရင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးတက်မြှင့်တင်အောင် ဆောင်ရွက်နိုင်ဖို့လုပ်ငန်းတွေ၊ ပြီးရင် မြန်မာနိုင်ငံမှာ လက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်မှုတွေကို ထဲထဲဝင်ဝင် ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အရင်ကပြောခဲ့သလို ငြိမ်းချမ်းစွားအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နဲ့ အညီ အိမ်နီးချင်းကောင်းပီသစွာ မဟာဗျူဟာမိတ်ဖက်နိုင်ငံများ၊ ဆွေမျိုးပေါက်ဖော် နိုင်ငံများဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး ပြည်ဖျက်မီဒီယာများအနေနဲ့ အမျိုးမျိုး ဝေဖန်တာတွေ၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြားမှာ အထင်အမြင်လွဲအောင် လုပ်ကြံဖန်တီးလုပ်တာများ ရှိပြီးဖြစ်ပါတယ်။ ရှိနေပါတယ်။ ယခင်ကလည်း လုပ်ခဲ့ပါ တယ်။ ယခုလည်း ဆက်လက်လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။ နောက်လည်း လုပ်ဆောင် မှာဖြစ်ပါတယ်။ သူတို့အနေနဲ့က နှုတ်က ထုတ်ဖော်မပြောသည့်တိုင် မြန်မာနိုင်ငံကို အသုံး ချပြီးတော့ တရုတ်ထိန်းချုပ်ရေးမူးဝါဒ CHINA CONTAINMENT POLICY ကိုကျင့်သုံးနေ တာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ သတိပြုရမှာဖြစ် တကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်။
နောက်တစ်ခုကတော့ သတင်းမှားကောလာဟလသတင်းများဖြစ်ပါတယ်။ ပြည် ဖျက် မီဒီယာများအနေနဲ့ အခုနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေများပေါ်မှာမူတည်ပြီး ကောလာဟလသတင်းတွေ၊ သတင်းတု၊ သတင်းယောင်တွေ မိနစ်နဲ့အမျှတင်နေပါတယ်။ မိနစ်နဲ့အမျှလည်း တွေ့နေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သတင်းတု၊ သတင်းမှားများနဲ့ ပတ်သက်ပြီး၊ ကောလာဟလသတင်းများနဲ့ပတ်သက်ပြီး ဖြေရှင်း ပါတယ်။ ဖြေရှင်းပေမဲ့လည်း ဒါနဲ့ပတ်သက်ပြီး ဒီဟာတွေသည် သတင်းတု၊ သတင်းမှားများကို ဆက်လက်ပြီး ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီကောလာဟလသတင်းများ ထုတ်လွှင့်ရတဲ့ရည်ရွယ်ချက်ကတော့ ကြောက်ရွံ့မှုတို့၊ မျှော်လင့်ချက်တို့ ဒါတွေနဲ့ထုတ်လွှင့်တာဖြစ်ပါတယ်။ သူတို့အနေနဲ့ သတင်းတု၊ သတင်းမှာများနဲ့ ပြည်သူလူထုကို သတင်းအဆိပ် သင့်အောင် လုပ်နေဦးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်သားများ၊ နိုင်ငံတော် လုံခြုံရေးတာဝန်ကိုထမ်းဆောင်ကြတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့ ပြည်သူလူထုများအနေနဲ့ ဒီသတင်းတု၊ သတင်းမှားများနဲ့ ကောလာဟလသတင်းများကို သတိပြုရမှာဖြစ်ပါတယ်။ ဒီသတင်းတု၊ သတင်းမှားများနဲ့ ကောလာဟလသတင်းများကို ထုတ်လွှင့်ပြီး နိုင်ငံတော်ရဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မတည်ငြိမ်အောင် ဖန်တီးပြု လုပ်နေတာဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်မနေ့ကပြောသလို အကြမ်းဖက်လုပ်ရပ်များ ကိုအားပေးတဲ့ သတင်းများထုတ်လွှင့်ခြင်းအားဖြင့် ပြည်သူလူထုနဲ့ပတ်သက်လာပြီး စိုးရိမ် ထိတ်လန့်လာအောင်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒါသည်သူတို့ရဲ့အကြမ်းဖက် နည်း ဗျူဟာပဲဖြစ်ပါတယ်။ မြေပြင်မှာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လုပ်ပြမယ်။ ပြည်သူ့ရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့လမ်းပန်းဆက်သွယ်မှု၊ ပြည်သူလူထုရဲ့ လျှပ်စစ် ဓာတ်အားအပါဝင် လူမှုစီးပွားဘဝထိခိုက်အောင်လုပ်မယ်။ ခြိမ်းခြောက်မယ်။ သတင်း မီဒီယာများကနေတစ်ဆင့် ခြိမ်းခြောက်မယ်။ ပြည်သူကို တိုက်ရိုက်မြေပြင်မှာကော၊ သတင်းမီဒီယာများကနေတစ်ဆင့် ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ ဒီခြိမ်းခြောက်နေတဲ့ ဒီအဖွဲ့အစည်းများရဲ့ ဒီမိုကရေစီဆိုတဲ့ ကြွေးကြော်မှု၊ ဒီမိုကရေစီဆိုတဲ့ ပါးစပ်ကနေပြော တာဆိုတာသည် ယုံကြည်စရာတစ်စပ်မှမရှိဘူးလို့ပဲ ပြောခြင်ပါတယ်။
ထိတွေ့တိုက်ပွဲများအနေနဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်းနဲ့ တာမိုညဲ မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ နမ့်ခမ်းကိုတော့ ရန်သူအနေနဲ့ နမ့်ခမ်းစခန်းကို တိုက်ခိုက်နေတာ တစ်လကျော်လောက်ရှိပြီဖြစ်ပါတယ်။ ဒီနမ့်ခမ်းမှာ ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများရဲ့ဇွဲသတ္တိနဲ့ လုပ်ရည်ကိုင်ရည်ကို နိုင်ငံတော်ကြီးအကဲ၊ တပ်မတော်အကြီးအကဲများအနေနဲ့ အသိအမှတ်ပြုပါတယ်။ ချီးကျုးဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ စစ်တွေ ရခိုင်ပြည်နယ်ဘက်မှာတော့ နုံးဘူးဘက်မှာ ထိတွေ့တိုက် ပွဲအနည်းငယ်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ တပ်မတော် အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေတာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကျွန်တော်တို့ တရားသောစစ်ကို တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားသော စစ်ပွဲသည် မုချမသွေ အောင်မြင်ရမှာဖြစ်ပါတယ်။ အားလုံး ကိုကျေးဇူးတင်ပါတယ်။