ပုသိမ်မြို့နယ်အတွင်းရှိ  ကျေးရွာအချို့တွင် ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်း ဟု ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေ နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၈ ရက်

Friday, December 8, 2023 - 16:45

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ် သင်တန်းပေးရန်အတွက် ကျေးရွာတစ်ရွာလျှင် လူ သုံးဦး စာရင်းပေးရန် ညွှန်ကြားသည်ဟု ပုသိမ်မြို့နယ်အတွင်း ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Ayeyarwaddy Times မှ ကောလာဟလ သတင်း အမှားများ လုပ်ကြံရေးသား ဖြန့်ဝေနေ ကြောင်းတွေ့ရှိရသည်။

          အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံ မေးမြန်းချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု များနှင့် အခြားမြို့နယ်များသို့ ပြည်သူ့စစ်သင်တန်းပေးရန်အတွက် မည်သည့်ညွှန်ကြား ချက်မှ ပေးထားခြင်းမရှိကြောင်းသိရှိရပြီး အများပြည်သူ စိုးရိမ်ထိတ်လန့်မှုဖြစ်စေ ရန်နှင့် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ တရားမဝင်ပြည်ဖျက်မီဒီယာများမှ ကောလာဟလသတင်းများ လိမ်လည်ရေးသား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။