PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာရှိ မင်္ဂလာဆောင်ပွဲ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးကာ အသက် ၇ နှစ်အရွယ်ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိ   နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၅ ရ

Tuesday, December 5, 2023 - 16:15

              PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အဖွဲ့အား ထောက်ခံ အားပေးမှုမရှိသည့် မြို့နယ်များအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သား  ပြည်သူများသွားလာရာ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီး၊ Drop Bomp များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်း ဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

              ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံ ကျေးရွာရှိ ဦးလင်းမောင်၏ နေအိမ်၌ ဒီဇင်ဘာ ၄ ရက်တွင် မင်္ဂလာဆောင်ပွဲပြုလုပ်နေစဉ် မွန်းလွဲ ၃ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ၎င်းကျေးရွာ၏ တောင်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ ကျောက်မြင့် ကျေးရွာဘက်မှ နေ၍ Drone များအသုံးပြုကာ  Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့်  ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ရာ မင်္ဂလာဆောင်သို့ ရောက်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

              အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများ၏ လူမဆန်သော လုပ်ရပ်များကို ဒေသခံပြည်သူများအနေဖြင့် လွန်စွာမုန်းတီး ရွံရှာလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးအတွက် လိုအပ် သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။