အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ် နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ - ၄

Monday, December 4, 2023 - 16:00

          နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊  သပြေကုန်းရပ်ကွက်၊ မြို့တော်ခန်းမရှေ့ ပျဉ်းမနား-တောင်ညိုလမ်းပေါ်တွင် ယနေ့ညနေပိုင်းက အမျိုးသားရေးတက်ကြွလှုပ်ရှားသူများသည် အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင် နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချပွဲ ​ကျင်း ပခဲ့ကြသည်။

          အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ တည်ငြိမ် အေးချမ်းရေးကို လိုလားသူများ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထောက်ခံအားပေးကြသူများ ဦးဆောင်၍ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်းသိရပြီး နိုင်ငံတော်အတွင်း အချို့သောဒေသများ၌ အကြမ်းဖက် သမားများအနေဖြင့် အများပြည်သူအသုံးပြုနေသည့် လမ်းတံတားများကို ဖျက်ဆီး ခြင်း၊ လျှပ်စစ်တာဝါတိုင်များနှင့် ဆက်သွယ်ရေးတာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားပေး ရုံများကို ‌ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုများဆုံးရှုံးကာ ကုန်စည်ကူးသန်းရောင်းဝယ် ရေးများတွင် အခက်အခဲများကြုံတွေ့နေရပြီး ဒေသခံပြည်သူလူထုတို့၏ အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အကြမ်းဖက်မှုများ ပပျောက်ချုပ်ငြိမ်းစေရေး တည်ငြိမ်အေးချမ်းစွာဖြင့် မိမိတို့၏ဆန္ဒများကို ယခုကဲ့သို့ ဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန့်ကျင်ရှုတ်ချပွဲကို တက်ရောက်လာသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

ဆန့်ကျင်ရှုတ်ချပွဲကို တက်ရောက်လာသူများအနေဖြင့် “မြန်မာပြည်တွင်းရေးကို နောက်ကွယ်မှ ဝင်ရောက်စွက်ဖက်နေသည့် နိုင်ငံများအား - ဆန့်ကျင်ကြ၊ နောက် ကွယ်ကနေ အကြမ်းဖက်အားပေးလုပ်ရပ်များ - ချက်ချင်းရပ်၊ ဒို့နိုင်ငံ ပျက်စီးအောင် အဖျက်သမားအားပေးနိုင်ငံများ - အလိုမရှိ၊ နိုင်ငံတော်အား ကာကွယ်ရေး - တို့ပြည်သူ အားလုံးပါဝင်ပေး၊ အလုံးစုံ ပျက်သုဉ်းရေး လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်များ - အလိုမရှိ” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်း နှင့် ဗွီနိုင်း၊ ပိုစတာ များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။