နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ပဲထမင်းဘူးများ ပေးအပ်လှူဒါန်း နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၄ ရက်

Monday, December 4, 2023 - 16:00

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

          ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင် ပေးကြသည်။

          စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ပဲထမင်းဘူးများနှင့်အတူ ရဟန်းသံဃာ များနှင့် ပြည်သူများက ရေးသားပေးပို့သည့် “ တပ်မတော်သားများဘေးရန်ကင်းကွာ စိတ်ချမ်းသာကြပါစေ၊ တိုက်ပွဲတိုင်းအောင်မြင်ပါစေ၊ တိုင်းပြည်ရန်စွယ်ဟူ သမျှကို အမြစ်ပါမကျန်ချေမှုန်းနိုင်ကြပါစေ  ” စသည့် ဆုတောင်းမေတ္တာစာလွှာများ ပါရှိကြောင်း သတင်းရရှိသည်။