နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင် နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။
ထိုသို့ အားပေးထောက်ခံလျက်ရှိရာ ယနေ့နက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွင်းရှိ ငြိမ်းချမ်း ရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူများစုစည်း၍ တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA နှင့် PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံ တော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သား များအား ထောက်ခံအားပေးပွဲကို ကျင်းပပြုလုပ်သည်။
ဦးစွာ မြိတ်မြို့အတွင်းရှိ ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူ အင်အား(၂၀၀၀)ခန့်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ဘုရား ငါးဆူလမ်း၊ မြို့မဘောလုံးကွင်းအတွင်း၌ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ အား ဆန့်ကျင်ရှုတ်ချပြီး တပ်မတော်သားများအား ထောက်ခံအားပေးသည့် ကြွေးကြော် သံများ ဟစ်ကြွေး၍ ဆန္ဒ ထုတ်ဖော်ကြသည်။
ထို့နောက် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက နိုင်ငံတော်သီချင်းကိုသံပြိုင် ရွတ်ဆိုကာ ထောက်ခံပွဲကိုဖွင့်လှစ်ခဲ့ပြီး အစွန်းရောက်အကြမ်းဖက်သမားများ၏ ယုတ်မာ ကောက်ကျစ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှု များ၊ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ရှင်းလင်းဟောပြောခြင်းကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။
၎င်းနောက် “ အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော တပ်မတော်အား ထောက်ခံပါသည်၊ တပ်နှင့်ပြည်သူအတူတူ သွေးခွဲလာသူဒို့ရန်သူ၊ ရှေ့တန်းရောက် တပ်မတော်သားများ ကျန်းမာပါစေ၊ ပြည်သူတို့၏ အကျိုးအမှန်ဖော်ဆောင်သည့် တပ်မတော်ကို ထောက်ခံပါသည်၊ တရားသောစစ်အောင်ရမည်၊ အစဉ်အလာကောင်းတဲ့ တပ်မတော် ဒို့တပ်မတော်၊ မြန်မာ့တပ်မတော်အား အပြည့်အဝထောက်ခံအပ်ပါသည်၊ အကြမ်းဖက် PDF များ ကျဆုံးပါစေ၊ စွန့်လွှတ်စွန့်စား တပ်မတော်သားများ အောင်မြင်ပါ စေ၊ KIA အလိုမရှိ၊ TNLA အလိုမရှိ၊ MNDAA အလိုမရှိ၊ AA အလိုမရှိ၊ PDF အလိုမရှိ” စသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။