မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး၍ မော်တော်ယာဉ် ၁ စီး မီးလောင်ပျက်စီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သေဆုံး
နေပြည်တော်၊ မေ ၁၃
၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ အကြမ်းဖက် သူများက မီးရှို့ဖျက်ဆီး၍ မော်တော်ယာဉ် ၁ စီးမီးလောင်ပျက်စီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၃ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဆောမြို့နယ်၊ သစ်တော စခန်းအနီး ဆိပ်ဖြူ-ကဇွန်းမ-ဆောသွားကားလမ်း မိုင်တိုင်အမှတ် ၅၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံ ကြားတွင် အကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မော်တော်ယာဉ် ၁ စီး မီးလောင်ကျွမ်းလျက် ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဆိပ်ဖြူမြို့မှ ဆောမြို့ဘက်သို့ ဘိလပ်မြေအိတ်များ တင်ဆောင်မောင်းနှင်လာသည့် MDY H/9866 Canter အဖြူရောင် ၆ ဘီးယာဉ်၏ ကားခေါင်းပိုင်း မီးလောင်ကျွမ်းကာ ယာဉ်မောင်းဖြစ်သူ ဆိပ်ဖြူ မြို့နယ်၊ အနောက်ပိုင်းရပ်ကွက်နေ ဦးဖိုးချို(စိစစ်ဆဲ) သည် မီးလောင်ကျွမ်းသေဆုံးနေသည် ကိုတွေ့ရှိ ရပြီး ကားရှေ့ဘီးဘေး မြေပြင်ပေါ်၌ ယာဉ်နောက် လိုက်ဖြစ်သူ ဦးထွန်းလွင်စိုး(စိစစ်ဆဲ)သည် ဦးခေါင်း နောက်စေ့ပေါက်ပြဲကြေမွဒဏ်ရာ၊ ဦးနှောက်ထွက်၊ ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိ သည်ကို တွေ့ရှိခဲ့ရပါသည်။
အထက်ပါဖြစ်စဉ်တွင် မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းနှင် ယာဉ်နောက် လိုက်တို့အား ရက်စက်စွာသတ်ဖြတ်ခဲ့သူ အကြမ်းဖက်သများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များကဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။