၂၉-၁၁-၂၀၂၃ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

Wednesday, November 29, 2023 - 17:00

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စင်း ရှိ စစ်သည်များ  ရန်ကုန်မြို့အတွင်း ချစ်ကြည်ရေးခရီးလည်ပတ်ခြင်း၊ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်မှုအနေဖြင့် တရား မဝင် ဝင်ရောက်နေထိုင်သူများအား  တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ၊ ဖမ်းဆီးခံထားရသောလွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား ၁၉၃ ဦးထပ်မံ လွတ်မြောက်မှု၊ ၂၉-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (အရှေ့မြောက်ဘက်)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများ၊ ရှမ်းပြည်နယ်အတွင်းရှိ EAO အဖွဲ့ဖြစ်သော (RCSS/SSA) နှင့်  (SSPP)အဖွဲ့တို့  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခဲ့သောသတင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်နဲ့ မြန်မာ-တရုတ် ရေကြောင်း လုံခြုံရေးလေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေမှ စစ်ရေယာဉ်သုံးစီးမှ စစ်သည်များက ဒီနေ့မှာတော့ ရန်ကုန်မြို့အတွင်းမှာ ချစ်ကြည်ရေး ခရီးလည်ပတ်ခြင်း၊ သန်လျှင်တပ်နယ်မှာတော့ ချစ်ကြည်ရေးဘတ်စကက်ဘော ပြိင်ပွဲကျင်းပပြုလုပ်ခြင်းနဲ့ မြန်မာ့တပ်မတော်ရေမှ အရာရှိများက စစ်ရေးယာဉ်များကို သွားရောက်လေ့လာခြင်း၊ ညစာစားပွဲတည့်ခင်းဧည့်ခံ ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၂၁၁ ဦး၊ အမျိုးသမီး ၅၁  ဦးစုစုပေါင်း ၂၆၂ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အားလုံး လွှဲပြောင်းပေးခဲ့မှု  ၁၁၇၀ ဦးရှိပြီး ဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရနဲ့ နှစ်နိုင်ငံတပ်မတော် များအနေနဲ့ နီးကပ်စွာ၊ ရင်းနှီးစွာနေထိုင်လျက်ရှိပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ ပြည်ဖျက်မီဒီယာများအနေနဲ့ အမျိုးမျိုး ဝေဖန် နေတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ နေထိုင် လာခဲ့တာဖြစ်ပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး၊ တပ်မတော်ချင်း ဆက်ဆံရေး၊ ပြည်သူလူထုချင်း ဆက်ဆံရေးဟာ နောင်မှာလည်း မိုပိုရင်းနှီး ချစ်ကြည် နီးကပ်လာမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒီကနေ့မှာတော့ လွိုင်ကော်တက္ကသိုလ်ကနေဖမ်းသွားတဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား ၁၉၃ ဦး ထပ်မံလွတ်မြောက်လာပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ၊ ကြားဝင်ညှိနှိုင်းပေးတဲ့အဖွဲ့များကို လည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ နောက်ထပ် ၁၁ ဦး လွတ်မြောက်ဖို့ကျန် ပါသေးတယ်။ ဒါကိုလည်းဆက်လက် ကျိုးပမ်းသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

မူဆယ် ၁၀၅ မိုင်ဘက်မှာတော့ ဒီနေ့ နေ့လယ်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ရန်သူ့ထံက အလောင်းလက်နက် များရရှိခဲ့ပါတယ်။ လောက်ကိုင်ကိုတော့ ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ လာရောက်ပစ်ခတ်တာ ရှိပါတယ်။ ကုန်းကြမ်းဘက်မှာတော့ တပ်မိသားစုဝင် များရဲ့လုံခြုံရေး၊ တပ်မိသားစုဝင်များရဲ့ အသက်အန္တရာယ်အတွက် တပ်မတော်အနေနဲ့ နေရာရွေ့ပြောင်း ပေးလိုက်ရတာရှိပါတယ်။ စစ်ကိုင်းဒေသကြီး တန့်ဆည်မှာတော့ KIA ၊ PDF ပူးပေါင်းအဖွဲ့တွေအနေနဲ့ တန့်ဆည်ရဲစခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ တပ်မတော်အနေနဲ့ စစ်ကူပစ်ကူများအချိန်မီ ရောက်ရှိပြီး ရန်သူကိုချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။ ရန်သူအကျအဆုံးများစွာရှိပါတယ်။ ကယားပြည် နယ်ဘက်မှာတော့ ကယားလွိုင်ကော် မှာရှိတဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို လာရောက်ပစ်ခတ်တာရှိပါတယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရွပ်ရွပ်ချွံချွံပြန်လည်ချေမှုန်း ခဲ့တာရှိပါတယ်။ ရန်သူအနေနဲ့ အကျအဆုံးများစွာရှိတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာဖြစ်ပွား နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြားမှာ အထင်အမြင် လွဲမှားအောင် ပဋိပက္ခများဖြစ်ပွားအောင် အမျိုးမျိုးသွေးထိုး လှုံ့ဆော်နေတဲ့အဖွဲ့ အစည်းများ၊ အထူးသဖြင့် အနောက်နိုင်ငံအထောက်အပံ့နဲ့ ရပ်တည်နေရတဲ့မီဒီယာ များက ဦးတည်ဆောင်ရွက်လာကြောင်းတွေ့ရပါတယ်။ ဒါတွေကို အားလုံးက သတိပြုရမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ EAO အဖွဲ့များရှိတယ်။ RCSS၊ SSAနဲ့ SSPP အဖွဲ့တို့ဟာ ပစ်ခတ်တိုက်မှုရပ်ဆဲခဲ့တယ်လို့ ကျွန်တော်တို့သတင်းကောင်း ကြားရ ပါတယ်။ ဒီ RCSS၊ SSA နဲ့ SSPP အဖွဲ့နှစ်ဖွဲ့အကြားမှာ အမြဲတမ်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိအောင် ပဋိပက္ခများရပ်တန့်ရောင် တပ်မတော်အနေနဲ့ အမြဲတမ်းကြားဝင် ညှိနှိုင်းစေ့စပ်ပေးတာတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ သတင်းစကားပါးပေးတာတွေ အမြဲတမ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ TNLA၊ AA၊ MNDAA အဖျက်သမားများအနေနဲ့ ရှမ်းအရှေ့မြောက်ဘက်ဒေသမှာ ပြီးရင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ ဖျက်စီးမှုလုပ်ငန်းတွေ၊ တိုင်းပြည် အကျိုး ပျက်စီးမဲ့လုပ်ငန်းတွေ၊ ပြည်သူလူထုကိုတိုက်ရိုက် ထိပါးစော်ကားတဲ့လုပ်ငန်းတွေ ဆောင်ရွက် နေတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒေသခံပြည်သူလူထုဖြစ်တဲ့ ရှမ်းပြည်သူလူထုလည်း နစ်နာမှုအများကြီးရှိပါတယ်။ ရှမ်းပြည်သူလူထုရဲ့ နေအိမ်တွေမှာ ဝင်ရောက်ပြီး၊ အကာအကွယ်ယူပြီး တပ်မတော်ကိုတိုက်ခိုက်ခဲ့တာမျိုးတွေရှိပါတယ်။ ဒါတွေကို အားလုံးက ဝိုင်းဝန်းပူးပေါင်းဆန့်ကျင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။