တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိမှု နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင် သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု၊ အမေရိကန်အစိုးရ၏ ကျောထောက် နောက်ခံပြုထားသည့် USIP (United

Monday, November 27, 2023 - 19:30

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိမှု နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင် သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု၊ အမေရိကန်အစိုးရ၏ ကျောထောက် နောက်ခံပြုထားသည့် USIP (United States Institute of Peace) အဖွဲ့အစည်း၏ သုတေသနစာတမ်းများအားအမှီပြု၍  အနောက်နိုင်ငံမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေမှုများ၊ ၂၇-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)နှင့် ကယား ပြည်နယ်တွင် စစ်ရေးနှင့်မသက်ဆိုင်သော ကယားပြည်နယ်ယဉ်ကျေးမှု အဆောက်အဦ နှင့် အကျဉ်းထောင်သို့ လာရောက်တိုက်ခိုက်မှုများ၊  ရခိုင်ပြည်နယ်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ရှေ့မြောက်ဘက်ဒေသတွင် ဖြစ်ပေါ် နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ အချက်ပေးလှုံ့ဆော်မှုများနှင့် ပတ်သက် ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

          ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ နိုင်ငံသူနိုင်ငံသား အားလုံး ကျန်းမာ၊ ချမ်းသာ၊ ဘေးဘယာဝေးကွာပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်။ ဒီနေ့မှာ တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေတဲ့ စစ်သင်္ဘောသုံးစီးဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်ကို ရောက်ရှိခဲ့ ပါတယ်။ အဲ့ဒီ စစ်သင်္ဘောအုပ်စုထဲမှာတော့ ဖျက်သင်္ဘော Destroyer အမျိုးအစား သင်္ဘောတစ်စင်း၊ Frigate အမျိုးအစား သင်္ဘောတစ်စင်းနဲ့ ထောက်ပံ့ပို့ဆောင်ရေး ယာဉ်တစ်စင်း စုစုပေါင်း သုံးစင်း ပါခဲ့ပါတယ်။ စစ်သည်အင်အား ၇၀၀ ဦးခန့်ပါရှိ ကြောင်းလည်း တွေ့ရှိရပါတယ်။ ရန်ကုန်မှာ ကျွန်တော်တို့မြန်မာ့တပ်မတော် (ရေ) မှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ သမ္မတနိုင်ငံဆိုင်ရာ သံရုံးနဲ့စစ်သံရုံးမှ တာဝန်ရှိသူများအနေနဲ့ လှိုက်လှဲစွာ ကြိုဆို ခဲ့ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာချစ်ကြည်ရေးခရီး‌ လည်ပတ်မှု၊ လေ့လာမှု နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်မှုများကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာ မနေ့က ကျွန်တော်ပြောခဲ့သလို မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေ ဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော် နိုင်ငံများဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို လေးစား လိုက်နာပြီး နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ်အကြားမှာ ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီး မှုရှိတဲ့ နိုင်ငံတွေဖြစ်ကြောင်းပြောကြားလိုပါတယ်။ ဒီနေ့မှာတော့ နယ်စပ်ဒေသများမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူများကို ကျွန်တော်တို့ပြန်လည်အပ်နှံရာမှာ တရုတ် အမျိုးသား ၄၆၆ ဦး၊ အမျိုးသမီး ၈၇ ဦး ပေါင်း ၅၅၃ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေး နိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက် နေ့ကနေ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ စုစုပေါင်း အမျိုးသား ၈၃၁၂ ဦး၊ အမျိုးသမီး ၈၈၂ ဦး ပေါင်း ၉၁၉၄ ဦး လွှဲပြောင်းပြီးဖြစ်ပါတယ်။ ဒီနေ့ နောက်ထပ်ထူးထူးခြားခြား သတင်း တစ်ခုကတော့ အမေရိကန်အစိုးရရဲ့ ကျောထောက် နောက်ခံပြုထားတဲ့ USIP(United State Institute of Peace) ဆိုတဲ့ အဖွဲ့အစည်းကနေ သူ့ရဲ့ သုသေသနစာတမ်းများကို အမှီပြုပြီးတော့ အနောက်နိုင်ငံမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေတာမျိုး ရှိပါတယ်။ အဓိကအချက်ကတော့ ဒီထဲမှာ ယခုလက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့်မလို့ ဒီအခြေအနေများကို ပိုပြီးဆိုးဝါးသွားအောင် သုံးသပ်တင်ပြ၊ ဦးတည်တင်ပြတာတွေပဲ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ အရေးကြီးတဲ့ သုံးသပ်ချက် ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ဒီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒလိုဟာမျိုး ဖြစ်မှာ မဟုတ်ဘူး။ ဓားပြဆန်ဆန်အဖွဲ့အစည်းမျိုးတွေ ဖြစ်မလာနိုင်ဘူး တစ်စုတစ်စည်းတည်း ရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားလာအောင် မီးထိုးပေးတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာတာဖြစ်ပါတယ်။ လုပ်လည်းလုပ်နေတာဖြစ်ပါတယ်။ ထပ်ပြီးတော့မှ လုပ်လာနိုင်တဲ့ အရိပ်အယောင်မျိုးကို ပြသခြင်းဖြစ်ပါတယ်။ ဒီအနောက်နိုင်ငံများနဲ့ ဆက်စပ်အဖွဲ့များအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာပြီး ပိုပြီးတော့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မယ့် အရိပ်အယောင်နဲ့ပြသခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြော ချင်တာကတော့ လက်တွေ့သူတို့ပြောတဲ့အတိုင်း မြေပြင်မှာဖြစ်နေခြင်း ရှိမရှိပါပဲ။ လက်တွေ့လည်း မြင်နေရတာဖြစ်ပါတယ်။ သူတို့ပြောနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်းမှာပဲ သွေးကွဲမှုတွေရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အတွင်းမှာပဲ စစ်ကိုင်းဘက်မှာဆိုရင် အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ဘဲနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်နေတာမျိုးတွေရှိတယ်။ NUG၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့ကကိုပဲ တချို့သောလက်နက် ကိုင်အဖွဲ့တွေကို လက်မခံဘူးလို့ သူတို့ကိုယ်တိုင်ကြေညာခဲ့တာ တွေရှိတယ်။ ပြည်သူလူထုအပေါ်မှာ အကြိမ်ကြိမ်သတ်ဖြတ်တာတွေ၊ လုယက်တာတွေ လုပ်နေတာတွေရှိတယ်။ တရားမဲ့ပြုကျင့်နေတာတွေရှိတယ်ဆိုတာ အားလုံးကိုမျက်ကွယ် ပြုပြီးမှ သုံးသပ်ခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ စစ်ကိုင်းဘက်မှာဆိုရင် ဒီPDF အမည်ခံ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့ အမျိုးသမီးတစ်ယောက်ကို လပေါင်းများစွာ ဖမ်းစီးချုပ်နှောင် ပြီး အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တဲ့လုပ်ရပ် ဟိုးလေးတကြော်ကြော်ဖြစ်လာမှ အရေးယူမယ် ဆိုတဲ့ ပုံစံမျိုးပြောပြီးကာမှ ဘာမှအရေးမယူတဲ့အပြင် အဲ့ဒီအဖွဲ့တွေကပါ လွတ်မြောက် သွားတဲ့ကိစ္စတွေ၊ တရားမဲ့ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်နေတဲ့ဟာတွေ၊ အမြင်မတူတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်စီးနေတဲ့ဟာတွေ၊ ဒါတွေဟာလက်တွေ့ တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ပြောပြီးဖြစ်ပါတယ်။ ဒီ MNDAA အကြမ်းဖက်သောင်းကျန်း သူများရဲ့ လုပ်ရပ်တွေ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ သမိုင်းကြောင်းတွေ ပြောပြီးဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ မူရင်းအခြေခံ ဇစ်မြစ်ဟာ၊ စီးပွားရေးလုပ်ငန်းဟာ ဘိန်းမှောင်ခိုကူးခြင်းဖြစ်ပါတယ်။ ဘိန်းနဲ့ပတ်သက်ပြီးတော့မှ ဆောင်ရွက်တဲ့အဖွဲ့ဖြစ်ပါ တယ်။ ထင်ရှားတဲ့သမိုင်းသာဓကတွေရှိပါတယ်။ ကိုးကန့်အမျိုးသမီးတစ်ဦးဖြစ်ခဲ့တဲ့ ကမ္ဘာမှာဘိန်းဘုရင်မလို့ နာမည်ကျော်ကြားခဲ့တဲ့သူသည် ဘယ်နယ်မြေက ထွက်ခဲ့တာ လဲ။ ဘယ်အမျိုးအနွယ်ကနေ လာခဲ့တာလဲဆိုတာ သမိုင်းအထင်အရှားရှိပြီးဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကအမေရိကန် CIA ရဲ့ ဘိန်းပံ့ပိုးမှုနဲ့ပတ်သက်ပြီး ဒီကိုးကန့်ဘိန်းဘုရင်မ ဆိုတဲ့ အမျိုးသမီးကိုယ်တိုင်က ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ ဒီနေရာမှာ ဗကပ လွှမ်းမိုးလာပြီးတော့မှ သူတို့ပျောက်ကွယ်သွားတယ်။ ပြီးရင် ဗကပအနေနဲ့ ဘိန်းလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့ နေရာမှာလည်း သူတို့ရဲ့လက်အောက်မှာရှိတဲ့ ဒီတိုင်းရင်းသားတွေကိုပဲ အသုံးပြုပြီး စေခိုင်းခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ဗကပ ကွပ်ကဲမှုအောက်ကနေ လွတ်ပြီးတဲ့ နောက်ပိုင်းမှာလည်း ဒီလုပ်ငန်းတွေကိုပဲ ဆက်လုပ်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကမှ တစ်ဆင့် ငွေရလာတယ်။ အဲ့ဒီကနေမှတစ်ဆင့် အဲ့ဒီလုပ်ငန်းတွေကို စောင့်ရှောက်ဖို့ အတွက် လက်နက်ကိုင် အဖွဲ့အစည်းထူထောင်တယ်။ လက်နက်ကိုင်အဖွဲ့အစည်း ထူထောင်တော့ ဒါ့ထက် တရားမဝင်လုပ်ငန်းတွေလုပ်ကိုင်ခွင့်ရတယ်။ ဒါတွေကို စောင့်ရှောက်ဖို့အတွက် လက်နက်တွေ၊ ခဲယမ်းတွေဝယ်တယ်။ လက်နက်ကိုင် အဖွဲ့အစည်း ထပ်တိုးချဲ့တယ်။ ဒီဟာနဲ့တင် သံသရာလည်နေတာဖြစ်ပါတယ်။ ဒီလိုသမိုင်း ကြောင်းတွေ၊ ဒီလိုထင်ရှားရှိတဲ့ဟာတွေကို မျက်ကွယ်ပြုပြီး အခုလိုသုံးသပ်ပြီး မီးထိုးပေးနေခြင်းသည် ဒီပဋိပက္ခမှာ အနောက်နိုင်ငံတွေနဲ့အပေါင်းအပါများ ထဲထဲဝင်ဝင် ဝင်ရောက်ပတ်သက်နေပြီဆိုတာကို သိနိုင်ကြောင်း အသိပေးပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ပြည်သူလူထုအားလုံး၊ အိမ်နီးချင်းနိုင်ငံများနဲ့အားလုံးက ဂရုစိုက်သတိပြုရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ထိတွေ့တိုက်ပွဲအနေနဲ့ မနေ့ည ဘက်ကတော့ မူဆယ် ၁၀၅ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ တာရှိပါတယ်။ တပ်မတော်အနေနဲ့ တိကျစွာနှိမ်နင်းခဲ့တဲ့အတွက် ဒီမနက်ပိုင်းမှာတော့ အဲ့ဒီဘက် မှာ ထိတွေ့တိုက်ပွဲမရှိခဲ့ပါဘူး။ ရန်သူအနေနဲ့ အထိအခိုက်အကျအဆုံးများစွာရှိတယ် ဆိုတာ သိရှိရပါတယ်။ ဒီကနေ့မှာတော့ ကုန်းကြမ်းဘက်မှာ Drop Bomb နဲ့ မြောက်မြား စွာချပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။ မုန်းစီးဘက်မှာလည်း Drop Bomb များချပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။ စီကောကို ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ကယား ပြည်နယ်ဘက်မှာတော့ စစ်ရေးနဲ့မဆိုင်တဲ့နေရာတွေဖြစ်တဲ့ ကယားပြည်နယ်ယဉ်ကျေးမှု အဆောက်အဦ၊ အကျဉ်းထောင် ဒါတွေကို လာရောက်ပြီးတိုက်ခိုက်ခဲ့တာမျိုးရှိပါတယ်။ ရန်သူအနေနဲ့ ထိခိုက်ကျဆုံးမှုများရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပလက်ဝနဲ့ ထရွန်အိုင်ဘက်မှာ တိုက်ခိုက်ခဲ့တာရှိပါတယ်။ နုန်းဘူးမှာထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့တာရှိပါတယ်။ ပလက်ဝမှာတော့ အဝေးကနေ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့တာ ရှိပါ တယ်။ ဒီနေ့မှာ ကျွန်တော်အထူးအလေးအနက်ထားပြီး ပြောကြားလိုတာကတော့ မြန်မာ နိုင်ငံရဲ့ အရှေ့မြောက်ဘက်ဒေသမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အခွင့်ကောင်း ယူပြီး ပွဲလန့်တုန်းဖျာခင်းတာ လုပ်ဆောင်ဖို့အတွက် အချက်ပေးလှုံ့ဆော်မှုများ ထင်ရှားစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ USIP ဆိုတဲ့အဖွဲ့အစည်းရဲ့ အစီရင်ခံစာကို သုံးသပ်ပြီး ပြည်ဖျက်မီဒီယာများအနေနဲ့ အမျိုးမျိုးသုံးသပ်ပြီး ရေးသားလှုံ့ဆော် နေတာတွေ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံအားလုံးက အလေးအနက်ထား စောင့်ကြည့်သတိပြု သွားရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။