တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီးကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့ရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပြီးပြန်လည်ရောက်ရှိ နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ-၂၇

Monday, November 27, 2023 - 19:30

        တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေး အဖွဲ့ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်း ပတ်ဝန်းကျင်ကျေးရွာများနှင့်ရခိုင် ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား နိုဝင်ဘာလ ၂ ရက်မှ ၂၅ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ) သို့ပြန်လည်ရောက်ရှိ လာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

        အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ အထူးကုဆေး အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသ ကြီးငပုတောမြို့နယ်ရှိ ကျုံကူးကျေးရွာ၊ ချောင်းဝရွာ၊ တောင်ကလေးကျေးရွာ၊ လပွတ္တာမြို့နယ်ရှိတူးမြောင်းကျေးရွာ၊ ဟိုင်းကြီးကျွန်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ရခိုင် ကမ်းရိုးတန်းဒေသများဖြစ်သော တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့နှင့် ပတ်ဝန်း ကျင်ကျေးရွာများ၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ၊ သံတွဲမြို့၊  မောင်ရွှေလေးကျေးရွာ၊ ကွင်းဝိုင်းကျေးရွာနှင့် အနီးတဝိုက်ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာ ရောဂါ(၅၂၁၉)ဦး၊ ခွဲစိတ်ရောဂါ(၁၀၁၆)ဦး၊ သားဖွား/မီးယပ် ရောဂါ(၆၅၆) ဦး၊ ကလေးရောဂါ (၈၀၉) ဦး၊ အရိုးရောဂါ(၁၉၄၇) ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ(၉၄၁) ဦး၊ မျက်စိရောဂါ(၃၁၇၁)ဦးနှင့် သွားနှင့် ခံတွင်းရောဂါ (၁၃၃၄) ဦး၊ စုစုပေါင်းဒေသခံ ပြည်သူ (၁၅,၀၉၃) ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ (၁၂၆) ဦးနှင့် အထွေထွေခွဲစိတ် လူနာ (၁၉၇) ဦး တို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေး ခဲ့သည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ(၂၉၆) ဦး၊ Ultrasound ရိုက်လူနာ(၇၈၆) ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ(၈၀၆)ဦးနှင့် ECG စက်ဖြင့်နှလုံးစမ်းသပ် လူနာ(၃၃၉) ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံ လွှဲပြောင်း ကုသရန် လိုအပ်သူ(၆၈)ဦးကိုလည်း သက်ဆိုင်ရာမြို့နယ်များရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ကာ ဆေးရုံ ရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင် ၃ ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

        တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည်ရောက်ရှိ လာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြု ပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဗိုလ်ချုပ် ထိန်ဝင်းက ပေးအပ်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

        တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ယခုခရီးစဉ်သည် (၁၇)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း (၁၅၇,၀၈၇)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် (၂၁) ဦး တို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။