ပင်းပက်သံမဏိစက်ရုံတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်နေသည့်အပြင် နျူကလီးယား ကိစ္စပါ ကြိုးပမ်းနေကြောင်း မဟုတ်မမှန် သတင်းများ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တော် ၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

Sunday, November 26, 2023 - 15:30

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ စီမံကိန်းတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရန်၊ ယူရေနီယမ် ကိစ္စနှင့်လည်း ပတ်သက်ဆက်နွယ်နေပြီး လက်ရှိတွင် နမ့်တဘက်ချောင်းတစ်လျှောက် နေထိုင် သည့် ဒေသခံထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းနှင့် လယ်ယာမြေများကို ဖျက်ဆီးရန် ချိန်းခြောက်လာနေကြောင်း၊ စီမံကိန်းကြောင့် သက်လတ်ပိုင်း လူနာအများစုသည် အဆုတ်ကင်ဆာရောဂါ ခံစားနေကြရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး-PYO ထံက သိရသည်ဟု မဟုတ် မမှန်သတင်းများ တရားမဝင် ပြည်ဖျက်မီဒီယာများမှတဆင့် လူမှုကွန်ယက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ ကြောင်းတွေ့ ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ လက်နက်ခဲယမ်းများ ထုတ်လုပ်နေသည်ဆိုသည့် ရေးသားချက် မှာ မှားယွင်းနေပြီး တပ်တွင်းသတင်းရင်းမြစ်ထံကဆိုသည့် “နျူကလီးယားကိစ္စပါ ကြိုးပမ်း လာနေကြောင်းသိရသည်” ဟူသော ရေးသားချက်မှာ လုံးဝမှားယွင်းနေကြောင်း၊ စက်ရုံမှ အသုံးပြုမည့် ပင်းပက်သံသတ္တုသံရိုင်း (iron ore)တွင်ဟီမင်တိုက်နှင့် လီမွန်နိုက်ဟူသော သံရိုင်း အမျိုးအစားနှစ်မျိုးသာ အဓိကပါဝင်ပြီး ကျန်သတ္တုများတွင် ဆီလီကာနှင့်အလူမီနာ သတ္တုရိုင်းများ ရာခိုင်နှုန်းအနည်းငယ်ရောနှောပါဝင်လျက်ရှိကြောင်း၊ အထူးသဖြင့် နျူကလီးယား ထုတ်လုပ်ရန် လိုအပ်သော ယူယေနီယမ်နှင့် ပလူတိုနီယမ် သတ္တုတို့ကို ရှာဖွေမတွေ့ရှိကြောင်း၊ ထို့အတွက် “နျူကလီးယား ကိစ္စပါ ကြိုးပမ်းလာနေသည်” ဟူသော ရေးသားချက်မှာ လုံးဝ မှားယွင်းနေပါကြောင်း၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ကို တစ်နှစ်လျှင် သံစိမ်းတန်ချိန် (၂၀၀,၀၀၀)(နှစ်သိန်း) ထုတ်လုပ်ပြီး နိုင်ငံတော်၏ သံနှင့်သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန် ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ နိုင်ငံအတွက် အဓိကလိုအပ် သည့် သံနှင့် သံမဏိထုတ်ကုန်များ ထုတ်လုပ်ပေးရန်၊ သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ပြီး နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် သံ၊ သံမဏိ ထုတ်လုပ်မှုနည်းပညာနှင့် လူ့စွမ်း အား အရင်းအမြစ်များအသုံးပြုပြီး မြန်မာနိုင်ငံ သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း များ ဖော်ဆောင်ရန်တို့အတွက်ဖြစ်ကြောင်း သိရှိရသည်။

          သို့ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ စက်မှုကုန်ကြမ်းပစ္စည်းလိုအပ်ချက် များကို ပြည်တွင်းတွင် ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်ရေး ရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိရာ ပြည်ဖျက်မီဒီယာများက နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ပျက်စီးစေရန်နှင့် တိုင်းရင်းသား ပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင် ပြည်ဖျက်မီဒီယာများမှတဆင့် လူမှုကွန်ယက်များတွင် တစ်ဖက်သတ်စွပ်စွဲ ရေးသားချက်များသာဖြစ်ကြောင်း သတင်းရရှိပါသည်။