(၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၇ ခုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် စတုတ္ထအဆင့်နေရာတွင် ရပ်တည်နိုင်ခဲ့   နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ  ၂၅

Saturday, November 25, 2023 - 16:15

                 (၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM-31)ကို နိုဝင်ဘာ ၂၀ ရက်မှ ၂၄  ရက်ထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

                ထိုသို့ ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းအနေဖြင့် ပစ္စတိုအမျိုးသားအသင်းတွင် ၅ ဦး၊  ပစ္စတိုအမျိုးသမီးအသင်းတွင် ၅ ဦး၊ ကာဘိုင် အမျိုးသားအသင်းတွင် ၅ ဦး ရိုင်ဖယ် အမျိုးသားအသင်းတွင် ၅ ဦးနှင့် စက်သေနတ် အမျိုးသားအသင်းတွင် ၅ ဦး၊ စုစုပေါင်း သေနတ်ပစ်အားကစားသမား ၂၅ ဦးတို့  ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အသင်းလိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၅ ခု၊ ထိလဲပြားပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု တို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၇ ခု ဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအလိုက် စတုတ္ထအဆင့် နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

                အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး နှင့် တပ်မတော်အရာရှိကြီးများ က ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။