ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှပြန်လည်ထွက်ခွာ နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ -၂၄

Friday, November 24, 2023 - 16:00

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းဘုရင့်တပ်မတော်အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ပြန်လည် ထွက်ခွာကြရာ တပ်မတော်(လေ)မှအရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းလေတပ်စစ်သံမှူး Group Captain Jumphol Chantakamma နှင့်တာဝန်ရှိသူတို့က မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ကမ္ဘာအေးစေတီတော်နှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်တို့အား ဖူးမြော်ကြည်ညိုကြပြီး ဗိုလ်ချုပ်အောင်ဆန်းစျေးသို့သွားရောက်လေ့လာခဲ့ ကြကြောင်း သတင်းရရှိသည်။