စစ်တွေက အမြောက်တပ် ပေါက်ကွဲမှုဖြစ်လို့ စစ်သားနှစ်ဦးသေ၊ ရှစ်ဦးထက် မနည်း ဒဏ်ရာရ ဟု သတင်းတု သတင်းမှားများဖြန့်ဝေ နေပြည်တော်၊ နိုဝင်ဘာ -၂၄

Friday, November 24, 2023 - 06:45

စစ်တွေမြို့ရှိ အမှတ်(၁၂)ရဲတပ်ရင်းထဲတွင်အခြေပြုထားသည့် လက်နက်ကြီး အထိုင်စခန်း၊ အမြောက်စခန်းထဲတွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေကာ ရှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ ပြည်ဖျက်မီဒီယာ များက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေအဆိပ်ခတ် လျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်တွေမြို့ အမြောက်စခန်းတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ မည်သည့် ပေါက်ကွဲမှုမှမရှိကြောင်း၊ မိမိတို့အနေဖြင့် တပ်စခန်းရှိရာနေရာတွင် လုံခြုံရေးတာဝန်များကို ပုံမှန်အတိုင်းထမ်းဆောင်လျက်ရှိကြောင်းနှင့် သတင်းအမှား သာဖြစ်ကြောင်း သိရှိရသည်။ ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူလူထုမှ တပ်မတော်အပေါ် အားကိုးယုံကြည်မှုကျဆင်းလာအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ကြံ ဇာတ်လမ်းဆင်ပြီး ဝါဒဖြန့်ချိဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။