နိုဝင်ဘာလ ၂၃ရက် နေ့လည် ၁၁နာရီကျော်ခန့်အချိန် ရန်ကုန်တိုင်း၊ လှည်းကူး မြိုနယ်တရားရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် တရားရုံး ဝန်ထမ်းများ၊ အမှုသည်များ၊ ရှေ့နေများ တရားရုံးနှင့်ဝေးရာသို့ ထွက်ပြေးကြကြောင်း ၊ ဗိုလ်မှူးတစ်ဦး ဦးဆောင်သော အင်အား ၁၅ ပါ စစ်ကြောင်းက တရားရုံးသို့ ရောက်ရှိ လာကာ ရှာဖွေစစ်ဆေးမှုများနှင့် စောင့်ကြပ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ လှည်းကူး မြိုနယ်တရားရုံးသို့ တပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် တရားရုံး၌ မြိုနယ် တရားသူကြီးနှင့် တရားရေးဝန်ထမ်း ၅ ဦးသာ ကျန်ရှိပြီး တရားရုံးအား နေ့လည် ၂ နာရီခန့်တွင် ပိတ်ထားလိုက်ကြောင်း လှည်းကူးတရားရုံးအနီးရှိသူ တစ်ဦးကပြောဆို သည့် မဟုတ်မမှန် သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့် ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လှည်းကူးမြိုနယ်တရားရုံးတွင် အကြမ်းဖက်သမား များမှ ရုံးဝန်းအတွင်း ဗုံးထောင်ထားကြောင်း ပြောဆိုမှုများကြားသိရသဖြင့် လုံခြုံရေး အဖွဲ့များအား သတင်းပေးပို့ အကြောင်းကြား၍ လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရုံးဝန်းအတွင်း မည်သည့်ပေါက်ကွဲစေသော အရာဝတ္တုများ၊ ဆက်စပ် ပစ္စည်းများမတွေ့ရှိရကြောင်း၊ တရားရုံးအား ပုံမှန်ဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး “ရုံးပိတ်ထားသည်၊ ဝန်ထမ်းများ ရုံးတက်ရောက် ခြင်းမရှိဆိုသည်မှာ” လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ သိရှိရသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်သမားများသည် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၊ အုပ်ချုပ်ရေးယန္တရားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ စသည့် လူစု လူဝေးများပြားသည့် နေရာများကို အကြမ်းဖက်ဖောက်ခွဲခြင်းများ ကိုယ်တိုင်ပြုလုပ် ဆောင်ရွက်ခြင်း၊ အားပေးလှုံ့ဆော်ခြင်းနှင့် ကောလာဟလ လုပ်ကြံသတင်းများ ရေးသားထုတ်လွှင့် ဆောင်ရွက်ခြင်းတို့အား ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ အထင်အမြင်လွှဲမှားစေရန်နှင့် နိုင်ငံ့ဝန်ထမ်းများ စိုးရိမ်ထိတ်လန့် စေရန်မဟုတ်မမှန် လုပ်ကြံသတင်းများကို ရေးသားဖြန့်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။