တပ်မတော်မှ အဆိပ်ငွေ့ဗုံးများ အသုံးပြု၍ တိုက်ခိုက်လျက်ရှိသည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်

Tuesday, November 21, 2023 - 16:45

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြိုနယ်ရှိ စခန်းသစ်လုံခြုံရေးစခန်းအား TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တိုက်ခိုက်လျက်ရှိပြီး တပ်မ‌တော်မှ နယ်မြေဒေသလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် လိုအပ် သော လုံခြုံရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ တပ်မတော်မှ အဆိပ်ငွေ့ ဗုံးများဖြင့် တိုက်ခိုက်လာခဲ့သည်ဟု TNLA အဖွဲ့မှ မဟုတ်မမှန် သတင်းထုတ်ပြန် ချက်တစ်ခုကို Online မီဒီယာများတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ TNLA  အဖွဲ့၏ မဟုတ်မမှန်ကြေညာချက်အား ခေတ်သစ်မီဒီယာ အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်ဖျက်မီဒီယာ များက လူမှုကွန်ယက်စာမျက်နှာများ၌ ဖော်ပြမှုများ ပြုလုပ်၍ သတင်းအမှားများ ကို အသီးသီးထုတ်လွှင့်ခဲ့ကြသည်ကို တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးများအား မည်သည့်တိုက်ပွဲများတွင်မှ  အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး ဆောင်ရွက်ရာတွင် ထိရောက်သော လက်နက်ကြီးပစ်ကူဖြင့် တပ်မတော်သား များ၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုများကြောင့် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အကျအဆုံးများလာပြီး ၎င်းတို့အဖွဲ့အတွင်း စိတ်ဓာတ်ပျက်ပြားကာ တိုက်လိုခိုက်လိုစိတ် မရှိကြတော့သဖြင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုသည်ဟု မဟုတ်မမှန်လုပ်ကြံ၍ ပြည်ဖျက်မီဒီယာများအားကိုးကာ သတင်း မှားများ ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် နယ်မြေဒေသ လုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။