နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများ အနေဖြင့် နယ်စပ်ဒေသများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်းသိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ် သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထို့ကဲ့သို့ နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၀၁၇ ဦးကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။