၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ နေပြည်တော် နိုဝင်ဘာ ၁၈

Saturday, November 18, 2023 - 16:00

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူး ကျင်းပသည့် ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန် ကြေညာသည်။

ဝတ္ထုရှည်ဆုတွင် ပထမဆုကို တက္ကသိုလ်မြမဉ္ဇူတောင်ဇလပ်ပန်းတို့လန်းပါစေဒုတိယဆုကို ရဲမင်းစိုးအဖေ့အရိပ်များတတိယဆုကို ဝတ်ရည်ခင်(ပဲခူး)ဝတ်မှုန်ကူးချိန် စာမူများက လည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို တင်တော်“တုမဲ့နှုန်း၍ ရွှေဘုန်းမော်နိုင်ပါစေ” နှင့် ဝတ္တုတိုများ စုစည်းမှု၊ ဒုတိယဆုကို နိုင်မျိုးသစ္စာ(နမ္မတူ)ကမ္ဘာဆုံးတိုင်မုန်းနေမည် ဝတ္တုတိုများ၊ တတိယဆုကို မင်းလပြည့်(ဟားခါး)နွံထဲက ပန်းရွှေကြာနှင့် အခြားဝတ္တုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ဘုန်းမြင့်ချို(သာယာဝတီ)ပိုးကိုက်ရာကင်း ပန်းတစ်ခင်းကဗျာများဒုတိယဆုကို လုလင်(မှော်ဝန်းမြေ)ဘဝပုံရိပ်ကဗျာများနှင့် အခြားကဗျာများ၊ တတိယဆုကို မြတ်ဘုန်း (တပ်ကုန်း)၏ နှလုံးလှအမေရဲ့ဇာတ်စင်နှင့်အခြားကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပထမဆုကို ယဉ်ယဉ်မွန်(ရှေးဟောင်းသုတေသန)မြို့တည် နန်းတည်ကေတုမတီ (တောင်ငူ)ဒုတိယဆုကို မောင်မောင်ချစ်ဦး(မုံရွာ)မြန်မာ့မြေပေါ်မှ ပြည်ပစစ်သင်္ချိုင်းများ၏ သမိုင်းပုံရိပ်များ၊  သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ)ဆုတွင် ဒုတိယဆုကို မခင်ကြီးမောင်(သတ္တဗေဒ)ငှက်သဘာဝ ထိန်းသိမ်းကြ သာစွဌာနေ တို့မြန်ပြည်တတိယဆုကို လှဆန်း(စိုက်ပညာရှင်)စပျစ်စိုက်ပျိုးထုတ်လုပ်မှု နည်းပညာနှင့်သတင်း အချက်အလက်များကလည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို နေဇင် (ပေါက်ခေါင်း) မြောက်ပိုင်းဒေသ ဘဝမှတ်တမ်းဒုတိယဆုကို အောင်ဘ(အုတ်ဖို) လူဆိုးပြေးတော့ လူကောင်းရောက်ပြီတတိယဆုကို မျိုးမြင့်ကြိုင်(သင်)အမ်းမြို့သို့ရက်ပေါင်း(၁၀၀)နှင့် အမြင်အတွေးများဖြင့်ခရီးသွားခြင်းစာမူများကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနု ပညာဆိုင်ရာ စာပေဆုတွင် ပထမဆုကို စောပုလဲမယ်ရွှေတိဂုံစေတီတော် ခေါင်းလောင်း တော်များဒုတိယဆုကို တင့်ထွန်း(ချောက်) သားကလှေယာဉ် ဖခင်လှေမှူးတတိယဆုကို ကွမ်ဆာသန်းနိုင်(ကတူး)နာမည်မှည့်ခေါ်ပုံစနစ်များ စာမူများကလည်းကောင်း၊ ကလေး စာပေဆုတွင် ပထမဆုကို သက်ဦးခင်မြန်မာ့ရတနာကလေးကဗျာများဒုတိယဆုကို အင်ကြင်းမေပန်းကလေးများပွင့်တော့မည်နှင့်ကလေးကဗျာများတတိယဆုကို ခိုင်ချစ်အောင်ညီနောင်သုံးဖော်နှင့်ကလေးကဗျာများ စာမူများကလည်းကောင်း၊  လူငယ်စာပေ ဆုတွင် ပထမဆုကို ဆောင်းချစ်ချယ်ရီလက်ဆောင် ပန်းလက်ဆောင်၊ ဒုတိယဆုကို နိုက်ပေးချင်တဲ့အမွေနှင့် အခြားစာစုများ၊ တတိယဆုကို ယဉ်မင်း(ပန်းတောင်း)ရွှေရနံ့နှင့် အခြားလူငယ်ဝတ္တုတိုများ စာမူများက လည်းကောင်း၊ နိုင်ငံရေးစာပေဆုတွင် တတိယဆုကို ခင်ဧ(စက်မှု)သူ့ကျွန်မခံလိုကြသူများ စာမူကလည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ပထမဆုကို သျှင်မိုးခင်(ယဉ်ကျေးမှုတက္ကသိုလ်)ခိုင်ရွှေညှာနွဲ့မာလာမှုန် စာမူကလည်းကောင်း၊ ဘာသာပြန် စာပေဆုတွင် သုတေသီမောင်ဟန်ရာသီဥတုပြောင်းလဲမှု စာမူကလည်းကောင်း၊ အင်္ဂလိပ် စာပေဆုတွင် ပထမဆုကို Khin Maung MyintMemoirs of an Old Sailor စာမူက လည်းကောင်း ရရှိကြပါသည်။

စာပေဗိမာန်စာမူဆုများကို ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ၇ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါသည်။

စာပေဗိမာန်စာမူဆုများကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၂၂ ခုနှစ် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၇၇ စောင်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ် ခဲ့ကြကြောင်း သိရှိရသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဗိမာန် စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ရုံးအဖွဲ့ တယ်လီဖုန်းအမှတ် ၀၁-၃၈၇၇၂၄ နှင့် စီမံရေးရာဌာန    ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅ x ၇)လက်မ ရောင်စုံဓာတ်ပုံ နှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ် နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ ဆုများကို ၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပပြုလုပ်မည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

၂ဝ၂၃ခုနှစ်အတွက်  စာမူပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူများကို ၃၁-၁၂-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရှိရသည်။