ဘဏ်နှင့်ဆက်သွယ်သူ ပြည်သူများသို့ အသိပေးကြေညာချက် နေပြည်တော် ၊ နိုဝင်ဘာ ၁၇

Friday, November 17, 2023 - 16:45

မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံတော်တွင် ကျင့်သုံးလျက်ရှိသည့် ဈေးကွက်စီးပွားရေး စနစ်နှင့် လိုက်လျောညီထွေသည့် အမျိုးမျိုးသော ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ ဘဏ်နှင့်ဆက်သွယ်သူပြည်သူများ၏ အပ်နှံငွေများမှ ငွေသားထုတ်ယူ ခြင်းကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

          မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲတစ်ခုသည် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းရ သည့်အခြေအနေဖြစ်ပေါ်ပါက ယင်းဘဏ်ခွဲရှိ စာရင်းဇယားအချက်အလက်များကို မြန်မာ့စီးပွား ရေးဘဏ်၊ ရုံးချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး၊ ခရိုင်ဘဏ်ခွဲအဆင့်ဆင့်တို့တွင် စနစ်တကျထိန်း သိမ်းထားရှိခြင်းကြောင့် သက်ဆိုင်ရာဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူပြည်သူများ နစ်နာမှုမရှိ စေရန် အခြားမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှတစ်ဆင့် ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူ ပြည်သားအကျိုးအတွက် အစဉ်အလေးထား ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ကြေညာအပ်ပါသည်။