နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများနှင့် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဒံပေါက်ဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ် များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “တပ်မတော်သားများ ကျန်းမာပါစေကြောင်း၊ တိုက်ပွဲတိုင်း အောင်မြင်ပါစေကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း” စသည့် ဆုတောင်းမေတ္တာ စာလွှာများပါရှိကြောင်း သတင်းရရှိသည်။