ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ စာရွက်များနှင့်အတူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၁၂
နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် NUG အကြမ်းဖက်အဖွဲ့သည် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသား လှုံ့ဆော်ဖြန့်ဝေသူများကိုလည်း နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တာမွေမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်နေစဉ် နတ်မောက်ရပ်ကွက်၊ ကျိုက္ကစံလမ်းနှင့် နတ်မောက်လမ်းထောင့် အရောက်၌ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခြံစည်းရိုးပေါ်၌ နိုင်ငံတော်ဆန့်ကျင်ရေး စာသားပါစာရွက်များ လိုက်လံကပ်နေသည့် အဆိုပါရပ်ကွက်နေ မအိအိန္ဒြေမမ(၃၁)နှစ်(ဘ) ဦးဇော်ဝင်းအောင်ပါ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးတို့အား အနီရောင်မှုတ်ဆေး ၂ ဗူး၊ နိုင်ငံတော် ဆန့်ကျင်စာသားနှင့် ကာတွန်းပုံများပါ စာရွက် ၁၂ ရွက်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။