နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြ သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင် များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံ လျက်ရှိကြသည်။
ထိုသို့ အားပေးထောက်ခံလျက်ရှိရာ ယနေ့နက်ပိုင်းက မန္တလေးမြို့အတွင်းရှိ ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူများစုစည်း၍ တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သား များအား ထောက်ခံအားပေးပွဲကို ကျင်းပပြုလုပ်သည်။
ဦးစွာ မန္တလေးမြို့အတွင်းရှိ ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူ အင်အား (၂၀၀၀) ကျော်သည် စုရပ်နေရာဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ ကျောက်တော်ကြီး ဘုရားရှေ့၊ ၆၆ လမ်းပေါ်တွင် စုစည်း၍ ၎င်းမှတဆင့် နန်းမြို့၊ ကျုံးဘေး ၁၂ လမ်းတစ်လျောက်၊ ထိုမှတဆင့် ၇၃ လမ်းအတိုင်း၊ ၎င်းမှတဆင့် မန္တလေး တောင်ခြေရှိ ရွှေမန်းတောင်လူငယ်အားကစားလေ့ကျင့်ရေးစခန်းကွင်း အတွင်းသို့ ချီတက်၍ လမ်းတစ်လျောက် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင် ရှုတ်ချပြီး တပ်မတော်သားများအား ထောက်ခံအားပေးသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ဆန္ဒ ထုတ်ဖော်ကြသည်။
ထို့နောက် ရွှေမန်းတောင်လူငယ်အားကစားလေ့ကျင့်ရေးစခန်းကွင်းအတွင်း အမျိုးသား ရေး တက်ကြွလှုပ်ရှားသူများက နိုင်ငံတော်သီချင်းကိုသံပြိုင်ရွတ်ဆိုကာ ထောက်ခံပွဲကိုဖွင့်လှစ်ခဲ့ပြီး အစွန်းရောက် အကြမ်းဖက်သမားများ၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်း ဖက်သတ်ဖြတ်မှု များ၊ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ရှင်းလင်း ဟောပြောခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
၎င်းနောက် “ နယ်မြေတည်ငြိမ်အေးချမ်းရေး (ဒို့အရေး-ဒို့အရေး)၊ တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ NCA ကိုဆန့်ကျင်ပြီး အကြမ်းဖက်အဖျက်အမှောင့် လုပ်ဆောင်နေသည့် အဖွဲ့အစည်း များအား(ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အစွန်းရောက် လုပ်ရပ်များ(အလိုမရှိ)၊ အပြစ်မဲ့သံဃာနှင့်ပြည်သူများအပေါ် ယုတ်မာကောက်ကျစ်မှုများ (အလိုမရှိ)၊ နိုင်ငံတော် ထိခိုက်မည့်အကြမ်းဖက်လုပ်ရပ်မှန်သမျှ(ဆန့်ကျင်ကျ)၊ တပ်နှင့်ပြည်သူအတူတူ သွေးခွဲ လာသူ(ဒို့ရန်သူ-ဒို့ရန်သူ)၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး ထောက်ခံသူ များ(ဆန့်ကျင်ကျ)၊ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့် ပြည်ပအားကိုး ဒေါ်လာစားပြည်ဖျက်လောက်ကောင်များအား (ဆန့်ကျင်ကျ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (အောင်ရမည်-အောင်ရမည်)၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သား များအား (ထောက်ခံပါသည်-ထောက်ခံပါသည်)၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ပေးသော မြန်မာ့တပ်မတော်အား အပြည့်အဝ (ထောက်ခံပါသည်-ထောက်ခံပါသည်) ဟူသော ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် မျိုးချစ် ရဟန်းနှင့် ပြည်သူ ၁၅၀၀ ဦးခန့်သည် ပြင်ဦးလွင်မြို့ ခရိုင်အားကစာကွင်းတွင်လည်းကောင်း၊ မိတ္ထီလာမြို့တွင် မျိုးချစ်ရဟန်းနှင့်ပြည်သူ ၁၄၈၅ ဦးခန့်သည် မိတ္ထီလာမြို့ ခရိုင်အားကစာကွင်း တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မျိုးချစ်ရဟန်းနှင့် ပြည်သူ ၈၅၀ ဦးခန့်သည် မကွေးမြို့ ခရိုင်အားကစာကွင်းတွင်လည်းကောင်း တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံအားပေး ပွဲကို အသီးသီး ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။