နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက ဒံပေါက်ဘူးများနှင့် အကြော်လှော်ဘူးများ ပေးအပ်လှူဒါန်း နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၄

Tuesday, November 14, 2023 - 15:00

          နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများနှင့် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

          ယနေ့တွင်လည်း စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဒံပေါက်ဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိးမြို့မှ တစ်ဆင့် တပ်မတော် မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။

          စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “တပ်မတော်သားများ တိုက်ပွဲတိုင်း အောင်မြင်ပါစေ ကြောင်း၊ အန္တရာယ် ရန်စွယ်တွေကို ကျော်လွှားနိုင်ပါစေကြောင်း၊ အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်သားများ ကျန်းမာပါစေကြောင်း” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သိရှိရသည်။

          အလားတူ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများက လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ငါးနီတူခြောက်ကြော် ၆၅၇၀ ထုပ်၊ ငါးပိကြော် ၅၄၅၀ ထုပ်နှင့် ငံပြာရည် ကြော် ၄၀၀ ထုပ်တို့အား ပေးအပ်လှူဒါန်းကြရာ အဆိုပါအကြော်လှော်ထုပ်များကို ပုသိမ်မြို့မှ တစ်ဆင့် လားရှိုးမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။