နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြ သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင် များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံ လျက်ရှိကြသည်။
ထိုသို့အားပေးထောက်ခံလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန် မြို့တော် ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီးတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ငြိမ်းချမ်းရေးလို လားသည့် ပြည်သူများက တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံအကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ကြသည်။
အဆိုပါပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို လည်း ယခုလို တင်ပြလိုက်ပါသည်-(အင်တာဗျူးအသံပါ)
ထို့ပြင် နိုဝင်ဘာ၈ရက်၊ နိုဝင်ဘာ၁၀ရက်နှင့် (၁၁)ရက်နေ့တို့တွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းနှင့် မန္တလေးမြို့ပေါ်ရှိ လမ်းများ၊ မန္တလေးမြို့အဝင် အဝိုင်းထိပ်၊ မန္တလေး ကျုံးဘေး၊ ဧရာဝတီရတနာပုံတံတား၊ နေပြည်တော် ၊ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ လူငယ်ဘောလုံးကွင်းတို့တွင် အေးချမ်းစွာနေထိုင်လိုကြသည့် ပြည်သူများက အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား အလိုမရှိကြောင်း ရှုတ်ချကြပြီး ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေးမှုကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။