နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများလာရောက်ပေးအပ် နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၀

Friday, November 10, 2023 - 15:45

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက  ဂုဏ်ပြုချီးမြှင့် ငွေများ လာရောက်ဂုဏ်ပြုချီးမြှင့်ပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။ ယင်းနောက် စေတနာရှင်အလှူရှင်  ၇၁ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ်သိန်း ၆၆၈၀ အား ဂုဏ်ပြုပေးအပ်ရာ  တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်းသတင်းရရှိသည်။