စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာရှိ လှုပ်ရှားရဲကင်း၊ သစ်တောဘိနယ်ရုံးနှင့် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနရုံး တို့အား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး နေပြည်တော်၊ မေ ၁၂

Wednesday, May 12, 2021 - 13:30

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာရှိ လှုပ်ရှားရဲကင်း၊ သစ်တောဘိနယ်ရုံးနှင့် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနရုံး တို့အား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ ၁၂

            စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာရှိ လှုပ်ရှားရဲကင်း၊ သစ်တော ဘိနယ်ရုံးနှင့် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနရုံးတို့အား အကြမ်းဖက်သူများက မီးရှို့ ဖျက်ဆီးခဲ့၍ အဆိုပါအဆောက်အဦများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက် ည ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာရှိ လုံခြုံရေးယာယီရုပ်သိမ်းထားရှိသည့် တောဂျင်လှုပ်ရှား ရဲကင်းအားလည်းကောင်း၊ ည ၉ နာရီအချိန်တွင် ဆူပူအကြမ်းဖက်သူများသည် အဆိုပါကျေးရွာရှိ  သစ်တောဘိနယ်ရုံးနှင့်  အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနရုံး အဆောက်အဦ ၂ လုံးတို့အားလည်းကောင်း  ဆူပူအကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ ကျေးရွာနေပြည်သူလူထုများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆောက်အဦများ၊  သက်သေခံအဖြစ် သိမ်းဆည်းထားရှိသော NISSAN အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ် ၁ စီး တို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

                အဆိုပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူသွားနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။