မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းလာ သည့် RSO ကုလားဆိုးအကြမ်းဖက် သောင်းကျန်းသူများအား ပစ်ခတ်တားဆီးနိုင်ခဲ့ နေပြည်တော်၊ မေ - ၁၂

Wednesday, May 12, 2021 - 13:15

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းလာ သည့် RSO ကုလားဆိုးအကြမ်းဖက် သောင်းကျန်းသူများအား ပစ်ခတ်တားဆီးနိုင်ခဲ့  

နေပြည်တော်၊ မေ - ၁၂

          မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ်အတွင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်မျဉ်းတစ်လျှောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ဖြတ်ကျော်မှုနှင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်မှုမရှိစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မောင်တောမြို့နယ်အတွင်းနှင့် နယ်စပ်မျဉ်း တစ်လျှောက်လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်း နာရီခွဲခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ - ၅၁ နှင့် ၅၂ ကြားနေရာသို့အရောက်၌ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ့် နိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသည့် RSO ကုလားဆိုး အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅၀ ဦးခန့်အား တွေ့ရှိခဲ့သဖြင့် ပစ်ခတ် တားဆီးခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ဘင်္ဂလားဒေ့ရှ့် နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

          ဖြစ်စဉ်တွင် အနက်ရောင်တီရှပ်လက်ရှည်နှင့် အားကစားဘောင်းဘီ ဝတ်ဆင် ထားသည့် RSO ကုလားဆိုး အကြမ်းဖက် သောင်းကျန်းသူတစ်ဦး၏ အလောင်းအား အမ်-၂၂ သေနတ် လက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဘူးသီးတောင် မြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။

          လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်း ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။