အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း လျက်ရှိသည့်အပြင် စေတနာရှင်ပြည်သူ များက ဒံပေါက်ဘူးများကို လည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင် စေတနာရှင်ပြည်သူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ အတွက် ဒံပေါက်ဘူးများကို ပေးအပ်လှူဒါန်းကြသည်။ အဆိုပါ စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများကို ရန်ကုန်မြို့မှတဆင့် လားရိုးမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများနှင့်အတူ ရဟန်းသာဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “တပ်မတော်သားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ရွှင်လန်းစေကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေကြောင်း၊ တရားသောစစ် အောင်မြင်ပါစေ ကြောင်း” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သိရှိရသည်။
အဆိုပါ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာသည့် ဒံပေါက်ဘူးများ အား တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။