တမူးမြို့နယ်၊ သနန်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ၁ ဦး၏ နေအိမ်အား အကြမ်းဖက် သူများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်

Tuesday, May 11, 2021 - 16:15

 

နေပြည်တော်၊ မေ - ၁၁

          စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ သနန်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမြင့်လွင်(ဘ)ဦးမောင်ရီ ၏နေအိမ်အား မေ ၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် အကြမ်း ဖက်သူအင်အား ၅ ဦးခန့်ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ သဖြင့်

ဦးမြင့်လွင် နှင့် ရွာသားများက တူမီးသေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများသည် နံနက် ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပြန်လည်ထွက်ပြေးသွား ကြောင်း သိရှိရသည်။

          ဖြစ်စဉ်တွင် ရွာသူ၊ ရွာသားများထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ အကြမ်းဖက်သူများ ပစ်ခတ်ခဲ့သည့်နေရာမှ KNO/KNA တံဆိပ်ပါ တောဆောင်းဦးထုပ် ၁ လုံး၊ အေကေ ၄၇ ကျည်ခွံ ၆၁ တောင့်၊ အမ် ၁၆ ကျည်ခွံ ၂၅ တောင့်၊ ၁၂ ဘို့ကျည်ခွံ ၂ တောင့်နှင့် ကာဘိုင်ကျည်  ၁ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းနှင့် အဆိုပါနယ်မြေ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။