တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ စစ်သင်တန်းတက်ရောက်ရန်နှင့် ရန်ကုန်မြို့အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်ခဲ့မှုများအား ဖော်ထုတ်ရရှိ
နေပြည်တော် ၊ မေ -၉
ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူများ နိုင်ငံအတွင်း အချို့မြို့ကြီးများ၌ ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်မှု မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး
နိုင် ရေး လိုအပ်သော စစ်ဆေးရှာဖွေခြင်းများ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ဧပြီလ ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်၌ ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံတွင် သင်တန်းတက်ရောက်ရန် စီစဉ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရန်ကင်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရန်နိုင် လမ်းသွယ်(၁၆)၊ တိုက်အမှတ်(၃၃)၊ အခန်းအမှတ်(၁၈)နေ ခင်ငြိမ်းသူ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ခင်ငြိမ်းသူ၊ ၃၁ နှစ်၊ (ဘ)ဦးမြတ်ချယ်၊ ရန်နိုင်စိုး၊ ၂၉ နှစ်၊ (ဘ)ဦးအေးစိုး၊ မင်းခန့်နောင်၊ ၁၉ နှစ်၊ (ဘ)ဦးဇော်ဝင်းနိုင်၊ စွမ်းပြည့်လင်း၊ ၁၉ နှစ်၊ (ဘ)ဦးကိုကိုအောင်၊ ဝဏ္ဏထွန်း၊ ၂၁ နှစ် (ဘ)ဦးစိုးမင်းထွန်းနှင့် ဆုလင်းထက်၊ ၁၉ နှစ်၊ (ဘ)ဦးအောင်ကိုကိုလွင်တို့ ၆ ဦးအား လက်လုပ်မိုင်း ၄၈ လုံး၊ ယမ်းပျော့ ၂၀ တောင့်၊ ဒီတိုနေတာ ၂၀ ခု၊ ယမ်းကြိုး ၁၀ ပေ အပါအဝင် အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခင်ငြိမ်းသူနှင့် ၎င်းဦးဆောင်သည့် အဖွဲ့ဝင်များသည် ရန်ကင်း မြို့နယ်အတွင်းရှိ ကျော်ကြားမုန့်ဟင်းခါးဆိုင် ၊ Curvy (အမျိုးသမီးဘောင်းဘီ အရောင်းဆိုင်)၊ ဗဟန်းမြို့နယ်ရှိ JJ Pun (စက်ယန္တရားအရောင်းဆိုင်ရုံးခန်း)တို့အား မီးရှို့ဖျက်ဆီးခြင်းနှင့် ရန်ကင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိတရားခံ ခင်ငြိမ်းသူ၏ ထွက်ဆိုချက်အရ သူရအောင်၊ ၂၃ နှစ်၊ (ဘ)ဦးမျိုးကျော်၊ စွမ်းထက်လှိုင်သော်၊ ၂၀ နှစ်၊ (ဘ)ဦးကျင်ထွေးနှင့် ဘုန်းမြတ်ဝင်း၊ ၂၁ နှစ်၊ (ဘ)ဦးရဲဝင်းနှင့် စည်သူ(ဘ)စိစစ်ဆဲ တို့ ၄ ဦးသည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံသို့ စစ်သင်တန်းတက်ရောက်ရန် ထွက်ခွာသွားကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ချိတ်ဆက်ဆောင်ရွက် ခဲ့ရာ သူရအောင် အပါ ၃ ဦး အား ဧပြီလ ၁၈ ရက်တွင် ဖယ်ခုံမြို့စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ပြီး စည်သူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။
ဆက်လက်ထွက်ဆိုချက်အရ ဧပြီလ ၁၈ ရက်တွင် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံသို့ စစ်သင်တန်း တက်ရောက်ရန် စီစဉ်နေသူ ကောင်းဆက်စိုး၊ ၂၀ နှစ်၊ (ဘ)ဦးဆန်းလွင် အား ရန်ကင်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ပိုင်သန့်(ခ)Joe၊ ၃၂ နှစ်၊ (ဘ) ဦးဆန်းမြိုင်အား မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရွှေရတနာလမ်း၊ အမှတ်(၁၈/A-1/D)ရှိ ၎င်း၏နေအိမ်တွင် ယမ်းမှုန့်အဖြူရောင် ၂ ပိဿာခန့်၊ ယမ်းမှုန့် အဝါရောင် ၅၀ ကျပ်သားခန့်၊ ယမ်းကြိုးခွေ ၃၀ ပေခန့်၊ ဆန့်ကျင်ရေးစာသားပါ ဗွီနိုင်းမျိုးစုံ ၇၃ ခု၊ ကွန်ပျူတာ၊ ဆက်စပ်ပစ္စည်းများနှင့် အခြားအသုံးအဆောင် ပစ္စည်းများအပါအဝင် အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
အခြားဖမ်းဆီးထိန်းသိမ်းထားသူများ၏ ထွက်ဆိုချက်အရ ဧပြီလ ၂၉ ရက်တွင် ကျော်ကိုကို၊ ၃၅ နှစ်၊ (ဘ)ဦးတင်ဝင်းအား တောင်ဥက္ကလာပမြို့နယ်ရှိ ၎င်း၏နေအိမ်၌ လက်လုပ်ဗုံး ၁ လုံး၊ ယမ်းပျော့ ၇ တောင့်၊ ဒီတိုနေတာ ၈ ခု၊ ယမ်းကြိုး ၇ ပေခွဲဖြင့် လည်းကောင်း၊ သန်းထက်ကိုကို၊ ၃၁ နှစ်၊ (ဘ)ဦးသန်းဦးအား မီးခိုးဗုံး ၁၀ လုံးပါ ပါကင် ၁ ဗူး၊ ယမ်းမှုန့် ၃၀ ကျပ်သားခန့် ၁ ဗူးအပါအဝင် အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ခန့်စည်သူ၊ ၂၅ နှစ်၊ (ဘ)ဦးသန်းနိုင်အား လည်းကောင်း၊ ဖြိုးမောင်မောင်ဟိန်း၊ ၂၄ နှစ်၊ (ဘ)ဦးဇော်ဟိန်းအား လက်လုပ်ဗုံး ၃ လုံးဖြင့် လည်းကောင်း၊ ဟိန်းဝေယံ၊ ၂၁ နှစ်၊ (ဘ)ဦးမြကြိုင်နှင့် ဝေလင်းထွန်း၊ ၃၅ နှစ်၊ (ဘ) ဦးသိန်းထွန်းတို့အား မီးခိုးဗုံး ၅၅ လုံးအပါအဝင် အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ကြောဖော်ထုတ်ချက်များအရ တရားခံ ခန့်စည်သူနှင့် အဖွဲ့ဝင်များသည် တောင်ဥက္ကလာပမြို့နယ်ရှိ Wa Ha Ha ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်အား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
သတင်းဆက်အား ဆက်လက်ဖော်ထုတ်ခဲ့ရာ ဧပြီလ ၃၀ ရက်တွင် တောင်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သူ ဇေယျာနိုင်၊ ၁၉ နှစ်၊ (ဘ)ဦးတင်ခိုင်၊ သူရိန်လင်း၊ ၁၇ နှစ်၊ (ဘ)ဦးမင်းဇော်ဇင်၊ ဟိန်းမင်းသူ၊ ၁၇ နှစ်၊ (ဘ)ဦးဇော်မင်း၊ ဇွဲမာန်ပြည့်၊ ၁၇ နှစ်၊ (ဘ)ဦးဌေးအောင်၊ မင်းသန့်ဟန်၊ ၁၇ နှစ်၊ (ဘ)ဦးဝဏ္ဏစိုး၊ အောင်မြတ်မိုး၊ ၂၅ နှစ်၊ (ဘ)ဦးခင်အောင်လွင်၊ ထက်အောင်လွင်၊ ၂၄ နှစ်၊ (ဘ)ဦးသန်းလွင်၊ ယွန်းနဒီလွင်၊ ၁၉ နှစ်၊ (ဘ)ဦးသန်းလွင်နှင့် ကျော်ထင်၊ ၄၀ နှစ်၊ (ဘ)ဦးအောင်နိုင်တို့အား ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မေလ ၁ ရက်တွင် စိုးကိုကို၊ ၂၅ နှစ်၊ (ဘ)ဦးအေးကိုအား သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်၌ လည်းကောင်း၊ မေလ ၂ ရက်တွင် နေလင်းထွန်း(ခ)အရှည်ကြီး၊ ၂၆ နှစ်၊ (ဘ)ဦးစောလှိုင် အား တောင်ဥက္ကလာပ မြို့နယ်၊ နန္နဝန်ဈေးအနီး၌လည်းကောင်း၊ မေလ ၆ ရက်တွင် ဖြိုးဝေဝင်း(ခ)ဘကြီးဖြိုး၊ ၄၃ နှစ်၊ (ဘ)ဦးဝင်းကြည်နှင့် အောင်သူဖြိုး၊ ၂၇ နှစ်၊ (ဘ)ဦးလှဌေးတို့ ၂ ဦးအား တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းနှင့် အင်းဝလမ်းထောင့်ရှိ ပြည့်ချမ်းခေတ် လက်ဖက်ရည်ဆိုင်၌လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိသူများအား စစ်ကြောဖော်ထုတ်ချက်အရ တရားခံ စိုးကိုကိုနှင့်အဖွဲ့သည် တောင်ဥက္ကာလာပမြို့နယ်၊ ပါရမီကားဝန်းအတွင်းရှိ YBS (၁၄)ယာဉ်ပေါ်တွင် ဗုံးဖောက်ခွဲမှုဖြစ်စဉ်၌ ပါဝင်ပတ်သက်ခဲ့ကြောင်း သိရှိရပါသည်။
ဖမ်းဆီးထိန်းသိမ်းထားသူများ၏ ထွက်ဆိုချက်အရ မေလ ၈ ရက်တွင် သာကေတမြို့နယ်အတွင်းနေထိုင်သူ ခွန်ပြည့်ဖြိုး၊ ၂၆ နှစ်၊ (ဘ)ဦးဉာဏ်ထွန်း၊ ပြည့်စုံ၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ဝင်း၊ ထက်အာကာ၊ ၂၂ နှစ်၊ (ဘ)ဦးခင်မောင်၊ ရာဇာဖြိုး၊ ၁၈ နှစ်၊ (ဘ)ဦးခင်ရွှေ၊ ရှိုင်းထက်အောင်၊ ၁၈ နှစ်၊ (ဘ)ဦးဇော်ဝင်း၊ ကိုကိုမောင်၊ ၃၄ နှစ်၊ (ဘ)ဦးစိုးသန့်၊ စစ်မင်းဟိန်း၊ ၂၃ နှစ်၊ (ဘ)ဦးစိုးလွင်နှင့် နန္ဒစစ်အောင်၊ ၂၁ နှစ်၊ (ဘ)ဦးဇေယျာလွင်တို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၈ ဦး၏ ထွက်ဆိုချက်အရ မေလ ၉ ရက်တွင် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးရှိ Standard Lab ဓာတ်ခွဲခန်းအား စစ်ဆေးရှာဖွေရာ ဆိုဒီယမ်ကလိုရိုက် ၂ ဘူး၊ ယမ်းမဲ ၄ ဘူး၊ မက္ကနီဆီယမ် ၂ ဘူး၊ ပိုတက်ဆီယမ်နိုက်ထရိတ် ၁ အိတ်နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးထိန်းသိမ်းနိုင် ခဲ့သည်။
ဆက်လက်၍ သာကေတမြို့နယ်၊ တံခွန်တိုင်တောရကျောင်းတိုက်သို့ စစ်ဆေးရှာဖွေရာ လက်လုပ်ဗုံး ၆ လုံး၊ ချိန်ကိုက်ဗုံး ၁ လုံး၊ လက်ပစ်ဗုံး(အမျိုးအစား စိစစ်ဆဲ) ၄ လုံးနှင့် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ သန်လျင်မြို့နယ်၊ သဒ္ဒါဝိမုဒ်တိကျောင်းတိုက်အား စစ်ဆေးရှာဖွေရာ လက်လုပ်ဗုံး ၂၀ လုံး၊ ယမ်းမဲ ၃ ဗူး၊ ယမ်းကြိုးခွေ ၁၀ ပေခန့် ၁ ခွေ၊ ပိုတက်စ်ဆီယမ်နိုက်ထရိတ် ၁ ထုပ်နှင့် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။ ဆက်လက်၍ သန်လျင်မြို့နယ်၊ သာယာကုန်းဘုန်းကြီးကျောင်းသို့ စစ်ဆေးရှာဖွေခဲ့ရာ နန္ဒစစ်အောင်နှင့်အဖွဲ့၏ ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများအား သိမ်းဆည်းပေးထားသော ဦးဝင်းဇော်(ခ) ဥူးယသဓမ္မ၊ ၃၈ နှစ်၊ (ဘ)ဦးအောင်သိန်းအား ပိုတက်စ်ဆီယမ်နိုက်ထရိတ် ၁ ထုပ်၊ ယမ်းနှင့် မီးသွေးရောနှောထားသော အထုပ် ၁ ထုပ်နှင့် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ခင်ငြိမ်းသူ အပါ ၃၉ ဦးအား ကြိုတင်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။