နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ပြည်ထောင်စုသမ္မတနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် အား နေပြည်တော်၌ လက်ခံတွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် အား ၂၆-၁၀-၂၀၂၃ ရက်နေ့ ၁၃၃၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၀)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးနှင့် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့အပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြကြောင်း သိရှိရသည်။