ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်တို့ကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း

Wednesday, October 18, 2023 - 15:45

            ရှမ်းပြည်နယ်၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော ချန်ရန်ပန်(ခ) ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချွင်ထင်

တို့ကို ဥပဒေအရအရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။