တပ်မတော်တွင် စတုတ္ထအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း (ဒုတိယနေ့) ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၁၅

Sunday, October 15, 2023 - 15:45

          တပ်မတော်တွင် စတုတ္ထအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကု စင်တာ၌ ပြုလုပ်ခဲ့သည်။

          အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာ ဒေါ်ညိုညိုထွေး နှင့် တူဖြစ်သူ အသည်းအလှူရှင် ကိုနိုင်လင်း တို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။

          အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာ ထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိ သောအသည်းကို ညနေ ၅  နာရီအချိန်ခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်းဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် (၁၁) နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏  ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူး ကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ သည်။

          အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန်ရှိ သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။