ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း (၁၅-၁၀-၂၀၂၃ ရက်)

Sunday, October 15, 2023 - 12:30

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ()နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

(၁၅-၁၀-၂၀၂၃ ရက်)

အဆွေတော်များနှင့် အခမ်းအနားသို့ ကြွရောက်လာကြသော လူကြီးမင်းများခင်ဗျား၊

  • နေပြည်တော်တွင် ယနေ့ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်း အနားသို့ ထိုင်းနိုင်ငံအစိုးရကိုယ်စားပြုကာ မိမိအနေဖြင့် တက်ရောက်ခွင့်ရသည့်အတွက် အထူး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
  • လွန်ခဲ့တဲ့(၈)နှစ် အဆိုပါနေ့က မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ သမိုင်းဝင်အခမ်းအနားမှာ ထိုင်းနိုင်ငံက အသိသက်သေနိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိ ပါတယ်။ ယင်းမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ယင်းကဲ့သို့  NCA ကနဦး အစပြုချိန်ကတည်းက အပြည့်အဝ ပံ့ပိုးပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်း အထူးပင်ကျေနပ် ဝမ်းမြောက်မိပါတယ်။
  • သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ရပ်မှတစ်ဆင့် တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှု မူများကိုအခြေခံပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အာမခံချက်ရှိစွာ ဖော်ဆောင်ရယူနိုင်ရေးမှာ NCA ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။
  • ထိုင်းနိုင်ငံအနေနဲ့ အဆိုပါအမြင်အား လွန်ခဲ့တဲ့(၈) နှစ်ခန့်ကတည်းကပင် အပြည့်အဝ ထောက်ခံအားပေးခဲ့ပါတယ်။ မိမိတို့ရဲ့ ထောက်ခံအားပေးမှုမှာ ယနေ့ထိတိုင် ခိုင်မြဲစွာနဲ့ တသမတ်တည်း ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
  • မည့်သည်နိုင်ငံတွင်မဆို ငြိမ်းချမ်းရေးကို ​ဦးတည်တဲ့လမ်းကြောင်းမှာ ယင်းနိုင်ငံရဲ့ ပြည်သူများကိုယ်တိုင်က ဖန်တီးဆုံးဖြတ်ရမယ်လို့ ထိုင်းနိုင်ငံအနေနဲ့ ယုံကြည်ပါတယ်။
  • မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာလည်း ပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးမှု များကို အခြေခံကာ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖော်ဆာင်သွားရမှာ ဖြစ်ပါတယ်။
  • မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့မှာ နီးကပ်စွာ ပတ်သက်ဆက်နွယ်လျက်ရှိပါတယ်။ နယ်နိမိတ်ချင်းထိဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ အပြန်အလှန်နားလည်မှု အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုတို့ရှိတဲ့ စစ်မှန်သော မိတ်ဖက်အဖြစ်ဖော်ဆော်သွားရန် ထိုင်းနိုင်ငံ၏ ကတိကဝတ်မှာလည်း ခိုင်မြဲစွာရှိနေပါတယ်။
  • အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောသော မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏အကျိုးစီးပွား နှင့် အာဆီယံအပါအဝင် ဒေသတစ်ခုလုံး၏ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။

 

အဆွေတော်များ၊

ဖိတ်ကြားထားသော ဧည့်သည်တော်များခင်ဗျား၊

  • ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပေါ်လျက်ရှိတဲ့ အဖြစ်အပျက်များကို မျက်မြင်ကြုံတွေ့နေရချိန်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သွားကြရန် အလွန် အရေးကြီးကြောင်းကို မိမိတို့အား ထပ်လောင်းသတိပေးလျက်ရှိပါတယ်။ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လမ်းကြောင်းဟာ စိန်ခေါ်မှုအမြောက်အများနဲ့ လွယ်ကူသောကိစ္စတစ်ရပ် မဟုတ်ပါ။ ဆုံးဖြတ်ချက်၊ ရဲရင့်မှုနဲ့ ခေါင်းဆောင်မှု အရည်အချင်းတို့ လိုအပ်ပါတယ်။  ထိတွေ့ဆက်ဆံမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပြန်လည်သင့်မြတ်မှုများမှတစ်ဆင့်သာ ငြိမ်းချမ်းရေးကို အောင်မြင်စွာ ဖော်ဆောင် သွားနိုင်မှာ ဖြစ်ပါတယ်။
  • မြန်မာနိုင်ငံရှိတဲ့ အဖွဲ့အစည်းများအားလုံးအနေနဲ့ ယခုလမ်းကြောင်းအတိုင်း ပြီးမြောက် အောင်မြင်အောင် ဆက်လက်လျှောက်လှမ်းသွားကြရန် ထိုင်းနိုင်ငံအနေဖြင့် တိုက်တွန်း အပ်ပါတယ်။ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် နည်းလမ်းများ ရှာဖွေကြရာတွင် အဖွဲ့အစည်းများအားလုံးအနေဖြင့် ကြံ့ကြံ့ခံပြီး ရှေ့ဆက်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို  ကျော်လွှားသွားကြပါရန် တိုက်တွန်းအပ် ပါတယ်။
  • ထိုင်းနိုင်ငံအနေဖြင့် လွန်ခဲ့သည့် (၈) နှစ်က NCA ၏ ရည်မှန်းချက်ပန်းတိုင်နဲ့ ရည်ရွယ်ချက်တို့အပေါ် ခိုင်မာစွာယုံကြည်ခဲ့သည်မှာ ယနေ့ထက်တိုင်ရှိကြောင်းကို အဆွေတော်တို့အား စိတ်ချယုံကြည်နိုင်ကြောင်း ပြောကြားပါတယ်။
  • မြန်မာပြည်သူများနဲ့ တစ်နိုင်ငံလုံးရဲ့ ပြင်းပြသော စိတ်ဆန္ဒ ပြည့်မြောက်စေရန်အတွက် သက်ဆိုင်သူများအားလုံး ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ဦးတည်သည့် လမ်းကြောင်းပေါ်၌ မြန်မာနိုင်ငံ အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ရန် ဆုမွန်ကောင်းတောင်းလျက် နိဂုံးချုပ်အပ် ပါတယ်။
  • ကျေးဇူးတင်ပါတယ်။