နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  ရိုးရာခြင်းလုံး ပြိုင်ပွဲ  ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် နေပြည်တော်  အောက်တိုဘာ ၁၂

Thursday, October 12, 2023 - 16:30

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပ သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ဒေါက်တာမှုထန်၊ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊   ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူ နည်းပြများ၊ ဝန်ထမ်းမိသားစုများနှင့် ခြင်းလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေး ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ရိုးရာခြင်းလုံး အမျိုးသား(၆) ပေါက်တန်းပြိုင်ပွဲ  ဗိုလ်လုပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်က တက်သစ်စ အမျိုးသမီးအားကစားသမားဆုရ နေပြည်တော်မှ မခင်သန္တာအောင်နှင့် တက်သစ်စ အမျိုးသားအားကစားသမားဆုရ ပဲခူးတိုင်း ဒေသကြီးမှ မောင်ဇော်လင်းနိုင် တို့အား ဆုတံဆိပ် နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အမျိုးသမီး(၄) ပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရွှေကြိမ်း က ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် ခွန်စံလွင် က ပထမဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီး အသင်းကို လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူ က ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းအား တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊  မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင် က  အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုရ ရန်ကုန်တိုင်းဒေသကြီးမှ မခိုင်သဇင်ဖြိုး နှင့်  အမျိုးသား အကောင်းဆုံး အားကစားသမားဆုရ ရန်ကုန်တိုင်းဒေသကြီးမှ  မောင်ဇော်လင်းမောင် တို့ကို ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမျိုးသား (၆)ပေါက်တန်းပြိုင်ပွဲတွင်   တတိယဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီး အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ ဘရွှေ က ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဝင် ဒေါက်တာ မှုထန် က  ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း တို့ကို လည်းကောင်း  တစ်ဦးချင်း ဆုတံဆိပ် နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်း က ပထမဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို ကျင်းပခြင်းဖြင့် “ခြင်းလုံးအစ မြန်မာက” ဆိုသည့်အတိုင်း ကမ္ဘာသို့တိုင်အောင် ဖော်ဆောင်နိုင်ရေး၊ မြန်မာ့ ရိုးရာခြင်းလုံး အားကစားဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစား သမားများပေါ်ထွက်လာစေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက် လာစေရေးအတွက်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲ သို့  အမျိုးသားအသင်း ၁၂ သင်း၊ အမျိုးသမီးအသင်း ၆ သင်းမှ အားကစားသမား စုစုပေါင်း ၁၈၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။