မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များ အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူ ၉၄၁ ဦးအား ယာယီ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိသည့် ဇေယျာမွန်ရပ်ကွက်ရှိ တောရ ရွှေဂူကျောက်တွင်းဘုန်းတော်ကြီးကျောင်း၊ ကော့စံနိုင်ရပ်ကွက်ရှိ တောရဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် မြောက်ပိုင်းရပ်ကွက်ရှိ သာသနာ့ပါလ ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် ကျိုက်ထိုတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ အောက်တို ဘာ ၈ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ဥက္ကံချောင်းရေများ မြင့်တက်လာ မှုကြောင့် အဆိုပါမြို့ရှိ ဥက္ကံရွာမကျေးရွာအုပ်စု၊ ရင်းတိုက်လေးပင်ကျေးရွာအုပ်စုနှင့် မင်းရဲကျော်စွာရပ်ကွက်တို့မှ ရေဘေးသင့်ပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာန ချုပ်၊ တိုက်ကြီးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ရေဘေး ကင်းလွတ် သည့် နေရာများသို့ ကူညီကယ်ဆယ်ရွေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို ယနေ့တွင် တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။