နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနား  တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် စက်တင်ဘာ ၉

Monday, October 9, 2023 - 17:45

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊  ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊  ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊  အားက စားသမားများ၊ ဝန်ကြီးဌာနမှ ဝန်ထမ်း မိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက် ကြည့်ရှု အားပေးကြသည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံ က ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့် တိုင်းဒေ သကြီး အသီးသီးမှ ခြင်းလုံးအားကစားသမား မောင်/မယ်များအနေဖြင့်  ရိုးရာခြင်းလုံး အားကစား ပြိုင်ပွဲမှတဆင့် ချစ်ကြည်ပူးပေါင်းမှုရရှိပြီး ပြည်ထောင်စုစိတ်ဓါတ် တိုးတက်မြင့်မားရေး၊ အမျိုး သားရေး စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သည့် ခြင်းလုံး အား ကစား ဖွံ့ဖြိုးတိုးတက်စေရေး၊ ရိုးရာအမွေအနှစ်ကို ဆက်ခံထိန်းသိမ်းနိုင်သည့် ထူးချွန်သော ရိုးရာခြင်း လုံး အားကစားမောင်/မယ်သစ်လွင်များ ပေါ်ပေါက်စေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်း ယှဉ်ပြိုင်သွား ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ဝင် အားကစားသမားများက အားကစား သစ္စာ အဓိဋ္ဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး သည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ဆက်လက်၍ (၃၂) ကြိမ်မြောက်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရရှိသည့် မလဲ့ဝတီဇော် က  ရိုးရာခြင်းလုံး တစ်ကိုယ်တော်သရုပ်ပြ ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်  ပြည်ထောင်စုဝန်ကြီး များဧည့်ပရိသတ်များသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့၏  ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို ကျင်းပခြင်းဖြင့် “ခြင်းလုံးအစ မြန်မာက” ဆိုသည့်အတိုင်း ကမ္ဘာသို့တိုင်အောင် ဖော်ဆောင်နိုင်ရေး၊ မြန်မာ့ရိုးရာခြင်းလုံး အားကစားဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်လာစေရေး အတွက်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲကို စက်တင်ဘာ ၉  ရက်မှ ၁၂ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌  ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေ သကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၂)သင်း၊ အမျိုးသမီးအသင်း (၆)သင်း၊ အားကစားသမား စုစုပေါင်း (၁၈၆) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် စိတ်ပါ ဝင်စားသည့် မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။