နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ  ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက် နေပြည်တော်   အောက်တိုဘာ   ၅

Thursday, October 5, 2023 - 16:30

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်  ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာ ဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲများတွင်ဆုများရရှိခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့သည့်   သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ယူနက်စကိုအမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့် က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်း ချုပ်ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန် နှင့် ဒေါက်တာ ဘရွှေ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့က ၂၀၂၃ ခုနှစ် ကမ္ဘာ့ ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်နှင့် ဒေါက်တာသက်ခိုင်ဝင်းတို့က ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ထူးချွန်ဆရာ ဆရာမ များကိုလည်းကောင်း  ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ကြ သည်။

ယင်းနောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက “ ခွင့်လွှတ်ပါဆရာ” သီချင်းဖြင့်  တေးသရုပ်ဖော် တင်ဆက်ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုး ဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့မှ ဆုရရှိခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများ နေ့ အခမ်းအနားတွင် တေးသီချင်း၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေခဲ့ကြသည့် နေပြည် တော် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများချီး မြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ရုက္ခဗေဒဌာနမှ အငြိမ်းစား ဆရာကြီး ဆရာမကြီး (၁၂)ဦး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ မြင့်ဆွေ နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ မောင်ကျော်တို့အား ဂါရဝပြုကန်တော့ပြီး ဆရာကြီး ဆရာမကြီးများ ကိုယ်စား ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း)/ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဝင် ဒေါက်တာ ဦးဝင်းနှင့် ပဲခူး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး (ငြိမ်း) ဦးခင်မောင်စိန်တို့က ဩဝါ ဒစကားများ ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့   အထိမ်းအမှတ်ပြခန်းအား လှည့် လည် ကြည့်ရှုကြသည်။

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို “ ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့” “The Teachers we need for  education we want: The global imperative to reverse the teacher shortage” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။