မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ နေပြည်တော်၊ မေ - 10

Monday, May 10, 2021 - 16:00

မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ

နေပြည်တော်၊ မေ - 10

            တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။

            ထို့သို့အပ်နှံရာတွင်   မေလ  ၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မိုးကောင်း ကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝါးမရမ်း ကျေးရွာနှင့် အလိုင်နီကျေးရွာများမှ လက်လုပ်သေနတ် ၃ လက်အားလည်းကောင်း၊ ဒိုက်ဦးမြို့နယ်၊ သပြေတန်းကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်ပင်သာကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှ တူမီးသေနတ် ၆ လက်နှင့် လေသေနတ် ၃ လက်တို့အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

          ထိုကဲ့သို့ လာရောက်အပ်နှံသော တူမီးသေနတ်နှင့် လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။