‌မြို့နယ်အချို့၌ အုပ်ချုပ်ရေးယန္တရားထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ အကြမ်းဖက်အုပ်စုများမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ် နေပြည်တော်၊ မေ ၁၀

Monday, May 10, 2021 - 15:45

‌မြို့နယ်အချို့၌ အုပ်ချုပ်ရေးယန္တရားထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ အကြမ်းဖက်အုပ်စုများမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ မေ ၁၀

            နိုင်ငံတော်အတွင်း မြို့နယ်အချို့၌ အုပ်ချုပ်ရေးယန္တရားနှင့် တရားဥပဒေစိုးမိုးမှု ထိခိုက်ပျက်ပြား စေရန်နှင့် ပြည်သူလူထုများကြားတွင် အကြောက်တရားများ လွှမ်းမိုးစေရန်ရည်ရွယ်ကာ အကြမ်းဖက် အုပ်စုများမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိသည်။

             ထိုသို့လုပ်ဆောင်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ စည်ပိုင်းကျေးရွာ၊ ကျေးရွာစီမံ အုပ်ချုပ်ရေးအဖွဲ့မှူး ဦးခင်ငွေ(၆၃)နှစ်() ဦးသန်းမောင်သည် နေအိမ်၌ ရှိနေစဉ် မေလ ၉ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်တွင် အကြမ်းဖက်သူ အမျိုးသား ၅ ဦး(စိစစ်ဆဲ)က နေအိမ်တံခါးအား တုတ်ဖြင့် ရိုက်ဖျက်ဝင်ရောက်လာပြီး ဦးခင်ငွေအား မင်းက စစ်ကောင်စီဟု ပြောဆိုကာ သေနတ် ဖြင့် ၂ ချက် ပစ်ခတ်ကာ နေအိမ်အတွင်းရှိ TV နှင့် အိုးခွက် ပန်းကန်များအား ရိုက်ခွဲဖျက်ဆီး၍ ဆိုင်ကယ် ၃ စီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဦးခင်ငွေမှာ ယာပါးနှင့် ဝဲဘက်နံစောင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

            အလားတူ ည ၆ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်()ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးကြည်ဝင်း(၆၅)နှစ်()ဦးတင်စိန်သည် ၎င်း၏ မိတ်ဆွေများနှင့်အတူ ဘေးတွဲဆိုင်ကယ်ဖြင့် နေအိမ်မှ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ထွက်ခွာလာစဉ် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဦးအောင်သူလမ်းနှင့် မင်းကြီးမဟာမင်းခေါင်လမ်းထောင့် အရောက်၌ အကြမ်းဖက်သူ အမျိုးသား ၅ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရှေ့မှ ရောက်ရှိလာပြီး ၎င်းတို့အနက် ၃ ဦးက အသင့်ယူဆောင်လာသော ဓါးရှည်များဖြင့် ဦးကြည်ဝင်းအား ဝိုင်းဝန်းထိုးခုတ်၍ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့သောကြောင့် ဦးကြည်ဝင်းတွင် ဝဲ၊ ယာ လက်ကောက်ဝတ်နှင့် မေးစေ့ ပြတ်ရှ၊ ဝဲရင်အုံ၊ ရင်ညွှန့်၊ ဝမ်းဗိုက်နှင့် ဝဲနံဘေး ထိုးသွင်းဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

            အထက်ပါဖြစ်စဉ်များမှ အုပ်ချုပ်ရေးယန္တရားထိခိုက်စေရန် ရည်ရွယ်ကာ ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့မှူးများအား ရည်ရွယ်ချက်ရှိရှိ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမား များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ စစ်ဆေးမှုများဆောင်ရွက်ကာ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။