နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ ၊ အားကစားကွင်းနှင့် အားကစားရုံများ လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

Thursday, September 21, 2023 - 15:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ ၊ အားကစားကွင်းနှင့် အားကစားရုံများ လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

လွိုင်ကော်      စက်တင်ဘာ   ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ် ကြက်တောင် အားကစားရုံ၌ ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများ နှင့်  တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် က နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို ဘက်စုံကဏ္ဍစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အားကစားသမားများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ပြည်နယ်အတွင်းရှိ အားကစားဝါသနာရှင်များကလည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစား သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့် လူငယ်ရေးရာကဏ္ဍ ဆောင်ရွက် မှုများ၊  ပြည်နယ်အတွင်း အားကစားကွင်းများဆောင်ရွက်ထားရှိမှု ၊ ထူးချွန်အားကစား သမားများ မွေးထုတ်ပေးနိုင်မှုကို ဆွေးနွေးတင်ပြပြီး ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ်အတွင်း အားကစားဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက် များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားကွင်း ၊ အားကစားရုံအတွင်းရှိ အားကစားပွဲကြည့်စင်များနှင့် မီတာ(၄၀၀)ပြေးလမ်းတို့ကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ကရာတေး အားကစားရုံ၌ ကျင်းပပြုလုပ်သည့် ကယားပြည်နယ် ဝန်ကြီးချုပ်ဖလား အမျိုးသား ၊ အမျိုးသမီး အသက် (၂၅)နှစ်အောက် ဘောလီဘောပြိုင်ပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ဘောလခဲမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် ကိုယ်စား ပြုအမျိုးသား ဘောလီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်အား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသား ၊ အမျိုးသမီး အားကစားသမားများနှင့် အမျိုးသမီး ဘောလီဘော ပြိုင်ပွဲတွင် ပူးတွဲ တတိ ယဆုရရှိသည့် ဒီးမော့ဆိုမြိုနယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း ၊  အမျိုးသားဘောလီ ဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် လွိုင်ကော်မြိုနယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လွိုင်ကော် မြို့နယ်အသင်း၊ အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဘောလခဲမြို့နယ် အသင်း ၊ အမျိုးသမီးဘောလီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှားတောမြို့နယ်အသင်းနှင့် အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒီးမော့ဆိုမြို့နယ်အသင်းတို့ကို ဆုတံဆိပ်များ ၊ တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး ဆုရအားကစား သမားများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ခဲ့ကြ ကြောင်း သိရသည်။