ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား ဆူပူအကြမ်းဖက်သူများက မီးကွင်းပစ်၍ မီးလောင်မှုဖြစ်ပွား နေပြည်တော်၊ မေ ၁၀

Monday, May 10, 2021 - 15:45

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား ဆူပူအကြမ်းဖက်သူများက မီးကွင်းပစ်၍ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ မေ ၁၀

            ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ‌ ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား ဆူပူအကြမ်းဖက်သူများက မီးကွင်းပစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့ နံနက် ၂ နာရီ ၂၀ မိနစ်အချိန်တွင် တွံ့တေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူ(စိစစ်ဆဲ) ကမီးကွင်းပစ်ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါရုံးအနီးဝန်းကျင်ရှိ ကျေးရွာနေပြည်သူလူထုများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့၍ ၂၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံး အတွင်းရှိ ရွေးကောက်ပွဲသုံး ပလပ်စတစ်မဲပုံးအလွတ် ၂၅ လုံးနှင့် ရုံးဘေးအဖီအမိုးများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

            အဆိုပါရုံးအား မီးကွင်းပစ်မီးရှို့ခဲ့သည့် အကြမ်းဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။