Wednesday, September 20, 2023 - 16:00
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှ ကုန်ပစ္စည်းများ တင်ဆောင်၍ ချင်းတွင်း မြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် ရေယာဉ်များအနက် ကြယ်မင်း(၄)ရေယာဉ် သည် စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာ အနီးသို့အရောက်၌ ရေဝဲအတွင်းသို့ ရောက်ရှိကာ နစ်မြှုပ်သွားခဲ့ ကြောင်း သိရှိရသည်။
အဆိုပါရေယာဉ်နစ်မြှုပ်တိမ်းမှောက်မှုကြောင့် ကုမ္ပဏီဝန်ထမ်း ၃ ဦးနှင့် အရပ်သူ အရပ်သား ၆ ဦး၊ လုံခြုံရေးလိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးတို့ မျှောပါ ပျောက်ဆုံးခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။