နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းတွင် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ဝမ်ဟိုင်ဒေသရှိ"ဝ"ပြည်သူ့ဆေးရုံတွင် ဆေးကု သမှုခံယူနေသော "ဝ"တိုင်းရင်းသားပြည်သူများကို အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာပစ္စည်းများနှင့် ဆေးရုံအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ဆေးရုံတာဝန်ရှိသူများက လက်ခံ ရယူကြသည်။
ဆက်လက်၍ ဝမ်ဟိုင်မြို့နယ် အစည်းအဝေးခန်းမ၌ ဒေသခံ"ဝ" တိုင်းရင်းသားများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် က နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိမှ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဒေသအတွက် လိုအပ်ချက်များကို တင်ပြပေးကြရန်နှင့် လူငယ်လူရွယ်များကို ဗလငါးတန်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် "ဝ" ဒေသခံတိုင်းရင်းသားပြည်သူတစ်ဦးက ဒေသလိုအပ်ချက်များ တင်ပြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိဂုံးချုပ် စကားပြောကြားပြီး ဝမ်ဟိုင်ဒေသခံ "ဝ"တိုင်းရင်းသားပြည်သူများက ဒေသထွက် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဒေသခံ "ဝ" တိုင်းရင်းသားများအား စားသောက်ဖွယ်ရာ ပစ္စည်းများ ပြန်လည်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ဟိုပန်၊ဟိုရွက်ရှိ အစည်းအဝေးခန်းမ၌ ဒေသခံ "ဝ"တိုင်းရင်းသား ပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်း တို့က အမှာစကားပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသလိုအပ်ချက်များနှင့်ကျန်းမာရေး စောင့်ရှောက် မှုများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြား သည်။
ထို့နောက်ဒေသခံ "ဝ"တိုင်းရင်းသားပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများက ဟိုပန်၊ဟိုရွက် ဒေသခံ "ဝ"ပြည်သူ များအား စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြ ကြောင်း သိရသည်။