နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေ ကျောက်ဖြူခရိုင်နှင့် တောင်ကုတ်ခရိုင် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု စစ်တွေ     စက်တင်ဘာ ၁၇

Sunday, September 17, 2023 - 16:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်များနှင့် တောင်ကုတ်မြို့နယ်များသို့သွား ရောက်ပြီး အဆိုပါမြို့နယ် များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြကာဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်သို့သွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား ရင်းရင်း နှီးနှီး တွေ့ဆုံပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် အစိုး ရနည်းပညာကောလိပ်(ကျောက်ဖြူ)သို့ သွားရောက်ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ အား တွေ့ဆုံ အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ရမ်းဗြဲမြို့နယ် ကုန်ဘောင်ကျေးရွာအနီးတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး မိုးစပါး မျိုးစေ့ထုတ်စံပြစိုက်ကွင်းဖြစ်ထွန်းအောင်မြင်နေမှုနှင့် ယူးရီးယားဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီ သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး တောင်သူ များအား ရင်းရင်းနှှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ရမ်းဗြဲမြို့သို့သွားရောက်ပြီး ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌  မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်းရေး၊ မြို့တွင်းလမ်းများ ကောင်းမွန်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ရန်ကုန်- ကျောက်ဖြူလမ်း(မအီ- ကျောက်ဖြူအပိုင်း)ပေါ်ရှိ စနဲပေါက်တံတား တည်ဆောက်ရေး စီမံကိန်းသို့လည်းကောင်း၊ တောင်ကုတ်တက္ကသိုလ် (၂)ထပ်စာသင်ဆောင်(ဘွဲ့နှင်းသဘင်ခန်းမ) တည်ဆောက်ရေးစီမံကိန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စီးပွားရေး လုပ်ငန်း ရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး  တက်ရောက်လာကြသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး မဟော်သဓာကိုယ်ပိုင် အထက်တန်းကျောင်းအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။